အယင်နှစ်က ရာရှား အစိုးရ ရွှေတန်ချိန် ၂၂၃ တန် စံချိန်တင် ထပ်စုဆောင်း

0
1290
Russian individual rhythmic gymnast Margarita Mamun kisses her gold medal © Mike Blake / Reuters

ရာရှားဗဟိုဘဏ်(Central Bank of Russia (CBR))စွာ အယင်နှစ် ဒီဇင်ဘာလ တလတည်းမှာ နောက်ထပ် ရွှေအလီးချိန် ၃ သိန်း အောင်စ (၉.၃ တန်) ထပ်စုလိုက်ပနာ၊ အဂုဆိုကေ ကာလတန်ဖိုး ဒေါ်လာ ၇၆ ဘီလီယံ ရှိရေ ရွှေအလီးချိန် စုစုပေါင်း ၁,၈၃၈.၂၁၁ တန်ကို စုဆောင်းထားပါဗျာလ်။

လက်ရှိ စာရင်းတိအရ ရာရှားနိုင်ငံစွာ အမေရီကန်ပြည်ထောင်စု၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ် နန့် တရုတ်နိုင်ငံတိ ဗြီးကေ၊ ဆဌမမြောက် ရွှေအများဆုံး ပိုင်ဆိုင်ရေ နိုင်ငံ ဖြစ်လာပါရေ။ အေနှုန်းနန့်ရာ လားနိန်ဖို့ဆိုကေ ရာရှားနိုင်ငံစွာ ၂၀၁၈ ခုနှစ် ပထမ ၄ လပတ်အတွင်းမှာ တရုတ်နိုင်ငံကို ကျော်တက်လားဖို့လို့ ဆိုပါရေ။ လက်ရှိစာရင်းတိအရ တရုတ်နိုင်ငံစွာ ရွှေအလီးချိန် ၁,၈၄၂ တန် ပိုင်ဆိုင်ထားပါရေ။

ရာရှားနိုင်ငံစွာ အယင် ၁ နှစ်တည်းမှာ ရွှေတန်ချိန် ၂၂၃ တန် ထပ်စုဆောင်းပနာ၊ ၂၀၁၅ ခုနှစ် ဂျုန်လ နောက်ပိုင်းမှာ ၅၅၈ တန်ထိ ထပ်စုဆောင်းလာစွာကို တွိရပါရေ။

၂၀၀၀ ခုနှစ် နောက်ပိုင်း ရာရှာနိုင်ငံမှာ ရွှေတန်ဖိုးစွာ ၅၀၀% (၅ ဆ) ထပ်ပနာ မြှင့်တက်လာပါရေ။ လွန်ခရေ ၁၀ နှစ်အတွင်း ရာရှားနိုင်ငံအတွင်းမှာ ရွှေတန်ချိန် ၂,၀၀၀ ထိ တူးဖော်စွာကိုလည်း တွိရပါရေ။