အီတလီမှာ ငါ ဝန်ကြီးချုပ် ဖြစ်လာကေ ၁ နှစ်ကို ရွိပြောင်းလာလူ ၁ သိန်းဇီ ပြန်ပို့ပလိုက်ဖို့

0
1211
© / @salviniofficial / Facebook

အီတလီနိုင်ငံက လက်ယာစွန်းရောက် လီဂါ နော့ဒ် ပါတီ(Lega Nord party) ခေါင်းဆောင်က၊ လာဖို့ ရွီးကောက်ပွဲမှာရာ သူ့ကို အီတလီနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွီးချယ်ကတ်ဖို့ဆိုကေ၊ အဂု အီတလီနိုင်ငံမှာ အရှုပ်ထုပ်တိ ဖြစ်နိန်ရေ၊ တရားမဝင် ရွိပြောင်းလာရေ လူတိကို၊ ၁ နှစ်ကို ၁ သိန်းနှုန်းနန့် တိုင်းပြည်က ပြန်နှင်ထုတ်ပလိုက်ဖို့လို့၊ ကတိပီးလိုက်ပါရေ။

အီတလီနိုင်ငံမှာ လာဖို့ ရွီးကောက်ပွဲကို၊ ၂၀၁၈ ခုနှစ် မာ့ချ်လ ၄ ရက်နိန့်မှာ ကျင်းပပါဖို့။ လက်ယာစွန်းရောက်တေ လီဂါ နော့ဒ် ပါတီကတော့ခါ၊ ရွိပြောင်းလာရေ လူတိကို ဆန့်ကျင်ပနာ “အီတလီလူမျိုး ပထမ” ဆိုရေ ကြွေးကြော်သံနန့် ရှိကို ချီတက်နိန်ပါရေ။

“အီတလီနိုင်ငံမှာ ထိုနားဒေနား၊ နိန်ရာတိုင်းမှာ အရှုပ်ထုပ်တိ ဖြစ်လာရေ၊ တရားမဝင် ရွိပြောင်းလာရေ လူတိကို၊ ငါတော့ သီးမခံနိုင်ဗျာလ်။ သူရို့ လာရေ လေယဉ်ပျံတိနန့် သူရို့ကို ပြန်ပို့ပလိုက်ဖို့။” လို့ ပါတီဂေါင်းဆောင် ဆာလ်ဗီနီ(Salvini)က La7 သတင်းဌာနနန့် တွိဆုံစွာမှာ ပြောလိုက်ပါရေ။

သူရာ ဝန်ကြီးချုပ် ဖြစ်လာကေ၊ ၅ နှစ် သက်တမ်းအတွင်းမှာ ၁ နှစ်ကို ၁ သိန်းနှုန်းနန့်၊ တရားမဝင် ရွိပြောင်းလာရေ လူ ၅ သိန်းကို၊ သူရို့တိုင်းပြည်ကို ပြန်ပို့ပလိုက်ဖို့လို့ ကတိပီးလိုက်ပါရေ။ လွန်ခရေ ၄ နှစ်အတွင်းမှာ၊ အီတလီနိုင်ငံကို တရားမဝင် ရွိပြောင်းလာရေ လူ ၆ သိန်း ရှိနိန်ပါရေ။

အီတလီလူမျိုးတိနန့် အီတလီနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံကို သူကာကွယ်လားဖို့လို့ဆိုပါရေ။ ဆန့်ကျင်ဖက်ပါတီတိက တိုင်းပြည်ကို သစ္စာဖောက်လို့၊ အေပိုင် ပြဿနာတိ ပေါ်လာပနာ၊ အီတလီကုမ္ပဏီတိလည်း နိုင်ငံခြားပိုင် ကုမ္ပဏီတိ ဖြစ်လားရရေလို့ အပြစ်တင်လိုက်ပါရေ။

“ငါ့ လူမျိုးတိကို ပထမ ဉီးစားပီးရဖို့အတွက် အေဥပဒေတိကို ပြောင်းလဲပစ်ဖို့ ငါ့မှာ တာဝန်ရှိရေ။” ဆိုပနာ ထည့်ပြောလားပါရေ။

ဆာလ်ဗီနီ စွာ အမေရီကန်သမ္မတ ဒိုနဲလ် ထရင့်ပ်(Donald Trump) နန့် သူ့ပေါ်လစီ “အမေရီကန် ပထမ” ဆိုစွာကို ထောက်ခံရေ လူပါ။

မထင်မှတ်ဘဲ ထရင့်ပ် အမေရီကန်သမ္မတ ဖြစ်လာဗြီးရေ နောက်မှာ၊ ဥရောပနိုင်ငံတိမှာ လက်ယာ အမျိုးသားရေးစိတ်ဓါတ်တိ ပြန်ပနာ မြင့်တက်လာပါရေ။ အထူးသဖြင့် တရားမဝင် ရွိပြောင်းလာရေ လူတိကို ဆန့်ကျင်ရေ ပါတီတိကို လူအများစု ပိုပနာ ထောက်ခံလာပါရေ။ ပြင်သစ်နိုင်ငံမှာ မာရိမ်း လီ ပန်း(Marine Le Pen) ဦးဆောင်ရေ အမျိုးသားတပ်ဦး(National Front) က ဗြီးခရေ နှစ်က ရွီးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရရေ ပါတီအဖြစ် တဟုန်ထိုး တက်လာပါရေပိုင် ဂျာမနီနိုင်ငံက လက်ယာ ဂျာမနီ ပြောင်းလဲရေး ပါတီ(Alternative for Germany (AfD))စွာလည်း ဗြီးလားရေ ရွီးကောက်ပွဲမှာ သမိုင်းမှာ ပထမဆုံး အနိန်နန့် ၁၂.၆ % ထိ မဲရလာစွာကို တွိရပါရေ။

မှတ်ချက် – အမျိုးသားရေး၊ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဥ်လာတိကို အလေးထားရေ မူဝါဒရှိရေ ပါတီကို လက်ယာပါတီလို့ ခေါ်ပါရေ။ ယင်းပိုင် မဟုတ်ဘဲ လူ့တန်းတူ အခွင့်အရေးကို အလေးထားရေ မူဝါဒရှိရေ ပါတီကို လက်ဝဲပါတီလို့ ခေါ်ပါရေ။ (အေလောက်ဆိုကေတော့ခါ မြန်မာနိုင်ငံထဲက ပါတီတိကို ကြည့်ပနာ၊ ဇာပါတီက လက်ဝဲ၊ ဇာပါတီက လက်ယာ ဆိုစွာနန့်၊ လူထက် ပါတီ မူဝါဒက ပိုလို့ အရေးကြီးရေဆိုစွာလည်း ရိပ်မိကတ်ဗျာလ်ထင်ပါယင့်။)

အဂု ကဗာမှာ အမျိုးသားရေးကို ဦးစားပီးရေ လှိုင်းလုံးကြီး တလုံး ပြန်ပနာ တက်လာပါရေ။ အေလှိုင်းလုံးကြီး ရောက်လာစွာနန့်၊ စီးပွားရေးကို အခြေခံပနာ စုထားကတ်တေ တိုင်းပြည်တိ၊ တဇစီ ပြန်ကွဲလားကတ်ပါဖို့။ အင်္ဂလန် နိုင်ငံ ထွက်လားဗြီးရေ နောက်မှာ၊ ၂၈ နိုင်ငံ ပေါင်းထားရေ ဥရောပသမ္မဂလည်း အခြေအနေ မကောင်းပါ။ မြန်မာနိုင်ငံလည်း အေအတိုင်း လားနိန်ဖို့ဆိုကေ တမျိုးတဖုံ ဖြစ်လားနိုင်ပါရေ။

တချိန်က လက်ဝဲဝါဒီတိ လွှမ်းမိုးပနာ လူသားချင်း တန်းတူရေးကို အခြေခံရေ၊ နယ်နမိတ်မဲ့ တိုင်းပြည်တိကို တည်ဆောက်ချင်ရေ ကဗာကြီးတခုတည်းဆိုရေ Globalization ပေါ်လစီစွာ၊ နိုင်ငံတိုင်းမှာ ပဋိပက္ခတိ အများကြီးကိုရာ ဖန်တီးရေအတွက်နန့် လူအများစုက လက်သင့်မခံကတ်ပါဗျာလ်။ တခါ နယ်နမိတ် မရှိကေ တိုင်းပြည်မဟုတ်ဆိုရေ ပေါ်လစီနန့် ကိုယ့်လူမျိုးကို ပထမ ဦးစားပီးရဖို့ဆိုရေ အမျိုးသားရေး လက်ယာဝါဒီတိက တကျော့ပြန်ပနာ အားကောင်းလာပြန်ပါရေ။