တရုတ်လုပ် ကားတိက ဥရောပထုတ် ကားတိထက် ပိုကောင်းရေလို့ Volvo ဝန်ခံ

A boy poses for a photo next to a Volvo C30 Electric car in Beijing © Jason Lee Reuters
A boy poses for a photo next to a Volvo C30 Electric car in Beijing © Jason Lee Reuters

ဆွိဒေ့ချ် ကားကုမ္ပဏီ Volvo က တရုတ်နိုင်ငံမှာ ထုတ်တေ Volvo ကားတိစွာ ဥရောပမှာ ထုတ်တေ Volvo ကားတိထက် အရည်အသွေး ပိုကောင်းရေလို့ ဝန်ခံလိုက်ပါရေ။

Australia’s Go Auto နန့် အိန်တာဗျူး လုပ်စွာမှာ Volvo အကြီးတန်း ဒုဥက္ကဌ ရိုဘိန် ပေ့ချ် (Robin Page)က ဝန်ခံလိုက်စွာပါ။ အဓိက အကြောင်းရင်းက ကားထုတ်လုပ်တေ နိန်ရာမှာ ဥရောပက အလိုအလျှောက် စက်တိကို အဓိက သုံးပနာ တရုတ်နိုင်ငံက လူ အင်အားကို အဓိက သုံးရေလို့ ဆိုပါရေ။ ကားတိကို သာမန် ကြည့်လိုက်ကေ ထူးမခြားနားလို့ ထင်ရကေလည်း အသေးစိတ် မွမ်းမံစွာတိမှာ လူတိက ပိုပနာ အသေးစိတ် လုပ်နိုင်ရေအတွက် တရုတ်နိုင်ငံထုတ် ကားတိက အရည်အသွေး ပိုကောင်းစွာ ဖြစ်တေလို့ ဆိုပါရေ။

Volvo စွာ လွန်ခရေ ၄ နှစ်ကပင် တရုတ်နိုင်ငံထုတ် ကားတိကို နိုင်ငံခြားကို တင်ပို့လာစွာပါ။ ပထမဆုံး S60 မိုဒဲလ် ကားတိကို အမေရိကန်ပြည်ထောင်စုကို တင်ပို့ခပါရေ။ ၂၀၁၆ ခုနှစ် အကုန်မှာ S90 မိုဒဲလ်ထုတ် ဆွီဒင်နိုင်ငံက ကားစက်ရုံကိုလည်း တရုတ်နိုင်ငံကို ပြောင်းပလိုက်ပါရေ။

အဂု လျှပ်စစ် Volvos ကားတိနန့် Lynk & Co ကားတိကို ထုတ်ပနာ နိုင်ငံခြားကို တင်ပို့ဖို့ ပြင်ဆင်နိန်ပါရေ။