နှိုးစက်ဟောင်း

0
50

အသက် ၈၀ ကျော် ဝါဂျီးလင်မယားနှစ်ယောက်စွာ ကကောင်း သတိ မိတတ်လာကတ်ရေအတွက်နန့် ဆရာဝန်နန့် လားတွိကတ်ပါရေ။

ဆရာဝန်က အသေအချာ စစ်ဆေးပနာ “ရုပ်ပိုင်းဆိုင်ရာအရ နှစ်ယောက်စလုံး ကျန်းမာသန်စွမ်းကတ်တေ၊ သတိမိတတ်ကတ်စွာကို လျော့ချဖို့အတွက် ဇာလုပ်လုပ် စာရွက်နန့် ရွီးမှတ်ပနာ လုပ်ကိုင်ကတ်။” ဖို့ မှာလိုက်ပါရေ။

ယင်းနိန့် ညဇာဖက် လင်မယားနှစ်ယောက် အိမ်ရှိခန်းမှာ တီဗွီကြည့်နိန်ကတ်ယင်း အဘိုးဝါဂျီးက ထရပ်လိုက်ခါ အဘောင်ဝါဂျီးမက

“ဇာလုပ်ဖို့လဲ။”

“ငါ ထမင်းချက်ခန်းက ရပူတခွက် လားယူဖို့။”

“ဟုတ်ဗျာလ်။ ယင်းပိုင်ဆိုကေ ငါ့အတွက်ပါ လဖက်သုတ်ဟင်းစားကို ယူလာခချက်။ ယာယာ စာရွက်နန့် တခါတည်း ရွီးယူလီ။”

“မလို၊ မလို။ နင့် လဖက်သုတ်ဟင်းစား ယူလာဖို့စွာလောက်ကို ငါ မှတ်မိပါရေ။”

“ဟုတ်ဗျာလ်။ အပြီးကေ ကွမ်းအစ်ကိုပါ ယူလာခချက်။ အရာ မှတ်မိဖို့ မဟုတ်ကား။ စာရွက်နန့် တခါတည်း ရွီးယူလီ။”

“ရရေ၊ ဟေ။ နင် လဖက်သုတ်ဟင်းစားနန့် ကွမ်းအစ် ယူလာဖို့ မှာစွာ မဟုတ်လား။ မှတ်မိရေ။”

“အေးအေး။ မှတ်မိရေ ဆိုကေလည်း လားလီ။”

ဝါဂျီး တရွိရွိ ထွက်လားပြီးကေ နာရီဝက်လောက် ကြာခါ ပြန်ရောက်လာဗျာယ် …

“ယာ နင် မှာလိုက်စွာ။” ဆိုပနာ ဝါဂျီးမ ရှိမှာ ထမင်းဖြူ တလောင်ဗွန်းနန့် ဝက်သားတခွက် လာချပီးပါရေ။

သူ့လက်ကဒီးကြားထဲမှာတော့ခါ ရမ်ပလင်း အပြားချေ တပြား ညှပ်ယူပါရေ။

ဝါဂျီးမက ရှိမှာ ချထားရေ ထမင်းဖြူ လောင်ဗွန်းနန့် ဝက်သားခွက်ကို မှင်တက်ပနာ တနား ငေးကြည့်နိန်ယင်း …

“အေဝါဂျီးကို ယလောက် ရွီးမှတ်လီပါလို့ ပြောလိုက်စွာကို။ ငါ မှာလိုက်စွာက ထမင်းနန့် ဝက်သားက မဟုတ်။ ကြတ်စင်ထက်က ဝါမရီကင် ဗျိုက်ကို ယူခလို့ သေသေချာချာ ပြောလိုက်စွာကို။” လို့ ဂေါင်းတရမ်းရမ်းနန့် ပြောလိုက်ပါယင့်။

စံဂိုးအောင်

ဝါဂျီး = အဘိုးအို
ဝါဂျီးမ = အဘွားအို
ရပူ = ရေပူ၊ ရေနွေး
ဟင်းစား = ပန်းကန်
တပလင်း = တစ်ပုလင်း
တလောင်ဗွန်း = တစ်ပန်းကန်
လက်ကဒီးကြား = ဂျိုင်းကြား
ကြတ်စင် = မီးဖိုပေါ်မှ စင်
ဝါမရီ = ငါးသေးတစ်မျိုး
ဗျိုက် = ငါးကင်သော ဝါးဇကာတစ်မျိုး