ပဒုံး

0
1882

သိပ္ဗံပညာရှင်တိက ပြောရေ “ပဒုံးတိ ခန္ဓာကိုယ်စွာ ကကောင်း လီးပနာ အတောင်တိက ကကောင်း ငယ်ရေ။ လီထုထဲမှာ ပျံသန်းနိန်ရေ အရာဝတ္ထုတိ နိယာမသဘောတရားအရဆိုကေ ပဒုံးတိ လီထဲမှာ ပျံသန်းဖို့ဆိုစွာ လုံးဝ မဖြစ်နိုင်။

ယကေလည်း ပဒုံးတိစွာ ယင်းနိယာမသဘေတရားကို နားမလည်ရေအတွက်နန့် လီထဲမှာ တဝီဝီ ပျံသန်းနိန်ကတ်ရေ။

လူတိမှာလည်း ကိုယ့်အကန့်အသတ် ဘောင်ကို ကိုယ်သတိမမူမိခကတ်ကေ ပုံမှန် လူ့စွမ်းအားထက် ပိုပနာ လုပ်နိုင်စွမ်းရှိတတ်ကတ်တေ။ နောက်ခါမှ ကိုယ့်အကန့်အသတ် ဘောင်ကို သတိထားမိပနာ ဗြီးခရေ ကိုယ့်လုပ်ရပ်တိအတွက် ပြန်အံ့သြရတတ်တေ။

လူတိမှာ ရှိရေ ဘောင်ဆိုစွာ ကိုယ့်စွာကို ခတ်ထားကတ်တေ ဘောင်မျိုးရာ ဖြစ်တေ။

ယင်းအတွက်နန့် အေနိန့်က စပနာ ပညာ မတတ်လို့၊ ဆင်းရဲလို့၊ မလှလို့ အစရှိရေ ဘောင်တိနန့် ကိုယ့်စွာကို လုံးဝ ဘောင်မခတ်ကတ်ပါကဲ့။

စံဂိုးအောင်

မှတ်ချက်။ ။ ရပ်ကွက်ထဲ မီးလောင်နိန်ရေ အချိန်မှာ အိမ်ရှင်မတိ တိုက္တာ သုံးလေးလုံး ဆင့်ထမ်းဗျာလ် ဗြီးနိန်ကတ်ပနာ မီးသီလားရေ အချိန်မှာ တိုက္တာ တလုံးတောင် ပြန်မထမ်းနိုင်စွာမျိုး တွိဖူးပါယင့်။

ပဒုံး = ပိတုန်း