ခြိုင်မီးယားတန်းထားသစ်ကို ရာရှားသမ္မတ ပူတိန် ထရက်ခ်ကား မောင်းပနာ ဖြတ်

Putin leads column of trucks
Putin leads column of trucks

ဥရောပတိုက်မှာ အရှည်ဆုံး ၁၉ ကီလိုမီတာ အရှည် ခြိုင်မီးယားနန့် ရာရှားပြည်မကို ဆက်သွယ်ထားရေ  တန်းထားကို အေနိန့် တရားဝင် ဖွင့်လှစ်လိုက်ပနာ၊ ရာရှားသမ္မတ ပူတိန် ကိုယ်တိုင် ထရက်ခ်ကားတစီး မောင်းပနာ ယင်းတန်းထားကို ဖြတ်လားခပါရေ။

အေတန်းထားမှာ တန်းထား ၂ စင်း အပြိုင် ပါပနာ၊ ၄ လမ်းမောင်း ကားလမ်း ပါရေ တန်းထား တစင်းနန့် ရထားလမ်း ပါရေ တန်းထား တစင်း ပါပါရေ။ အေနိန့် ဖွင့်လှစ်လိုက်စွာက ၄ လမ်းမောင်း ကားလမ်းပါရေ တန်းထားပိုင်းပါ။ ရထားလမ်း အပိုင်းက နောက်နှစ်မှ ဗြီးပါဖို့။ တန်းထားဆောက်စွာမှာ ကုမ္ပဏီပေါင်း ၂၀၀ ကျော် ပါပနာ၊ အလုပ်သမားပေါင်း ၁ သောင်းကနိန် ၁ သောင်းခွဲထိ အလုပ် လုပ်ခကတ်ပါရေ။

Crimean bridge
Crimean bridge

အယင်က ဥရောပမှာ အရှည်ဆုံးတန်းထားက ၁၂ ကီလိုမီတာ ရှည်ရေ ပေါ်တူကီနိုင်ငံက ဘာ့ဆကို ဒါ ဂမ္မာ တန်းထား (Vasco da Gama Bridge) ပါ။ ကဗာ့ အရှည်ဆုံး တန်းထားက ၂၀၁၀ ခုနှစ်မှာ ဖွင့်လှစ်ခရေ ၁၆၄.၈ ကီလိုမီတာ အရှည်၊ တရုတ်နိုင်ငံ ဒန်ရမ်းမြို့ (Danyang) နန့် ကင်ရှန်မြို့ (Kunshan) ကို ဆက်သွယ်ထားရေ တန်းထားပါ။