ပြုံယမ်း က ဝါရှိန်တန် ကို ယုံရဖို့လား? အမေရီကန် လင်းယုန်နီ ဂေါင်းဆောင်ကို မိန်းကြည့်

© KCNA : Reuters
© KCNA : Reuters

မြောက်ကိုးရီးယားက အမေရီကန်ကို ယုံကြည်ပနာ နြူးကလီးယားလက်နက်တိကို လွှဲပြောင်းပီးလိုက်ရဖို့လား? အမေရီကန်တိကို ဘလောက် ယုံကြည်ရဖို့လဲ?

သမိုင်းစွာ အကောင်းဆုံး ဆရာ၊ သမိုင်းစွာ ထပ်တလဲလဲ ပြန်ဖြစ်တတ်တေ ဆိုရေ စကားတိ ရှိပါရေ။ အဂု ဇာဖြစ်လာဖို့လဲဆိုစွာကို၊ တချိန်က ဇာဖြစ်ခလေဆိုစွာ ပြန်ကြည့်ကေ သိနိုင်ရေလို့ ဆိုပါရေ။

ဂလိုရီးယား ဂျဟိုဒါ (Gloria Jahoda) ရွီးထားရေ မျက်ရည်တိ စီးကြောင်း (The Trail of Tears) ဆိုရေ စာအုပ်မှာ ၁၈၁၃ ခုနှစ်က အမေရီကန် ဗိုလ်ချုပ်ကြီး အန်ဒရူး ဂျက်ခ်ဆင် (US General Andrew Jackson) နန့် မူလ ဒေသခံ အမေရီကန် အိန်ဒီးယမ်း လင်းယုန်နီ ဂေါင်းဆောင်ရို့ တွိဆုံစွာကို မှတ်တမ်းတင်ထားပါရေ။ လူဖြူ ဥရောပတိုက်သားတိ သူရို့ နယ်မြေကို ကျူးကျော်ဝင်ရောက်လာရေခါ ခုခံကာကွယ်ကတ်ယင်း၊ အိန်ဒီးယမ်းစစ်သည်တိ အများကြီး သီကြီဗျာလ် မမက်တိနန့် အချေတိ အသက်ကို ကာကွယ်ဖို့ လိုရေအတွက် လင်းယုန်နီ ဂေါင်းဆောင် ကိုယ်တိုင် ဗိုလ်ချုပ်ကြီး အန်ဒရူး ဂျက်ခ်ဆင် ကို လက်နက်ချပနာ လာတွိစွာပါ။ ဂျဟိုဒါ ပြောပုံအရ အန်ဒရူး ဂျက်ခ်ဆင် က လက်ဆွဲ နှုတ်မဆက်၊ သူရို့ ရပ်မြေမှာ ငြိမ်းငြိမ်းချမ်းချမ်း နိန်ရဖို့လို့ ဂတိ မပီးရေ အပြင်၊ “အမေရိကမှာ ဘလောက်ပင် ကယင်က အခြေချ နိန်ခနိန်ခ၊ အဂု အခြေချဖို့ လာရေ လူတိကို အိန်ဒီယမ်းတိက တားဆီးကေ၊ အိန်ဒီးယမ်းတိ အားလုံး အေက ထွက်လားဂတ်။” ဆိုပနာ ပြောလိုက်ပါရေ။ အန်ဒရူး ဂျက်ခ်ဆင် အမေရီကန် သမ္မတ ဖြစ်လာရေခါ အိန်ဒီးယမ်း ဖယ်ရှားရေး ကို ဥပဒေ အဖြစ် “ဘိုးဘေးဘီဘင် အိန်ဒီးယမ်းက ဆင်းသက်လာရေ လူတယောက်က အိန်ဒီးယမ်း ဓလေ့ရိုးရာ အပြုအမူတိကို ဆက်လက်ကျင့်သုံးနိန်ကေ၊ ယင်းလူကို ရာဇဝတ်သားလို့ သတ်မှတ်။” လို့ ပြဌာန်းခပါရေ။

တချိန်က လင်းယုန်နီ ဂေါင်းဆောင်နန့် သူ့လူတိကို အမေရီကန်တိ ဂတိပီးခစွာက “ငါရို့ ဟိုး အနောက်ဖက်ခြမ်းက ရွှေရှာဖို့ လားဖို့အတွက်၊ အေနိန်ရာကို ဖြတ်လားဖို့စွာ လောက်ရာ။” ပါလတ်။ အေဂတိကို ယုံကြည်ခရေ လင်းယုန်နီ အိန်ဒီယမ်းတိ ပီးဆပ်လိုက်ရစွာက ……