“ခွီးတိ နောက်ကိုတော့ ဖိလစ်ပိန်း မလိုက်” ဒူတာတေ ပြော

© Ng Han Guan : Reuters
© Ng Han Guan : Reuters

တရုတ်ဂေါင်းဆောင် ဇီ ကျင်းပေါင် က အာမခံပီးထားရေအတွက် “ငါရို့ နိုင်ငံစွာ ခွီးတိ နောက်ကိုတော့ခါ မလိုက်။” လို့ ဖိလစ်ပိန်းသမ္မတ ဒူတာတေ က ပြောလိုက်ပါရေ။ တချိန်က အမေရီကန် ကိလိုနီ ဖြစ်ခရေ ဖိလစ်ပိန်းနိုင်ငံစွာ ထပ်ပနာ ဝါရှိန်တန် အသိမ်းခံ နိုင်ငံတော့ခါ အဖြစ်မခံနိုင်လို့ ပြောလိုက်စွာပါ။

ညဇာက တရုတ်ဂေါင်းဆောင် ဇီ နန့် ဖုန်းပြောဗြီးရေ နောက်မှာ ဒူတာတေ က “ဇီ ကျင်းပေါင် အာမခံလိုက်တေ စကားက ကကောင်း အားရဖို့ ကောင်းပါရေ။ မင်းရို့ လိုရေ အချိန်တိုင်းမှာ ငါရို့ အရောက် လာဗြီးသားလတ်။” လို့ ပြောလိုက်ပါရေ။

“မင်းရုံးခန်းထဲက မင်းကို တယောက်ကိုလည်း ဆွဲထုတ်ခွင့် မပီး။ ဖိလစ်ပိန်းကို ဇာခွီးတိ နောက်ကိုလည်း အလိုက်မခံ။” လို့ ဇီ ပြောစွာကို ပြန်ပြောပြလားပါရေ။

ဖိလစ်ပိန်းသမ္မတစွာ ၆ နှစ် တကြိမ် သက်တမ်း အရွီးခံထားရစွာ ဖြစ်ပနာ၊ ၂၀၁၆ ခုနှစ် ဂျုံလ ၃၀ ရက်နိန့်ကမှ သမ္မတ ကျမ်းကျိန်ထားစွာပါ။ နောက်တကြိမ် အရွီးခံဖို့ ပုံစံမျိုးတော့ မရှိပါ။ သူ့ကို အကောက်ကြံပနာ ရာထူးက ဆွဲချလို့ကတော့ တော်လှန်ရေး အစိုးရ ထောင်ဖို့လို့လည်း တခါက ပြောဖူးပါရေ။ ဗြီးခရေ လကလည်း မနီလာအစိုးရက တရုတ် နန့် ရာရှား ရို့ဘားက လက်နက်တိ ဝယ်နိန်လို့ အမေရီကန် စီအိုင်အေ က သူ့ကို လုပ်ကြံချင်နိန်ဖို့သိမ့် ဆိုပနာလည်း ဟာသ ပြောဖူးပါရေ။

ဖိလစ်ပိန်းအစိုးရက ခေတ်မီလက်နက်တိ ဝယ်ဖို့ ဝါရှိန်တန်အစိုးရဘားက အကြိမ်ကြိမ် တောင်းဆိုကေလည်း၊ လက်ရှိအစိုးရစွာ မူးယစ်ဆီးဝါး နှိမ်နှင်းစွာမှာ လူ့အခွင့်အရေးတိ ချိုးဖောက်နိန်လို့ဆိုပနာ အကြိမ်ကြိမ် အငြင်းခံရဖူးပါရေ။ “လက်နက်ကို တနိန်ရာတည်းက အမြဲတမ်း မဝယ်လီကဲ့။ ယင်းပိုင်ရာ ဝယ်နိန်ဖို့ဆိုကေ ယင်းနိုင်ငံဘားမှာ ကိုလိုနီ ဖြစ်ဗျာလ်လို့ရာ မှတ်။ ကိုယ့်စွာကို နင်းပြားအဖြစ် ယော့ချလိုက်စွာနန့် တူရေ။” လို့လည်း အမေရီကန်တိကို ရည်ညွှန်းပနာ ဒူတာတေ ပြောဖူးပါရေ။ ဗြီးခရေ လကလည်း အာရှတိုက်စွာ အနောက်အုပ်စုကို အားမကိုးဘဲ ကိုယ့်စွာကိုယ် ရပ်တည်သင့်ဗျာလ်လို့လည်း ပြောခဖူးပါရေ။

ဒူတာတေ အစိုးရလက်ထက်မှာ ကိုယ့်စွာကိုယ် ရပ်တည်ရေ နိုင်ငံခြားရေး မူဝါဒကို ချမှတ်လာပါရေ။ တရုတ်ကို ပို နောက်ခံထားလာရေအတွက် လတ်တလော ရင်ဆိုင်နိန်ရရေ ဖိလစ်ပိန်းနိုင်ငံ လုံခြုံရေးအတွက် ပိုပြီးကေ လုံခြုံမှု ရှိလာရေလို့ဆိုပါရေ။

“တရုတ်က ပြောရေ၊ ငါရို့ အရောက်ကို လာဖို့လတ်။ ငါတော့ အမေရီကန်တိ ယင်းပိုင် လုပ်ဝံ့ဖို့ မထင်။ ယင်းသူရို့မှာ လက်နက်တိတော့ ရှိရေ။ အဝီးပစ် ဒုံးကျည်တိ၊ အသံထက်ယင်စွာတိ ရှိကောင်း ရှိလိမ့်မေ။ ယကေလည်း မျက်နှာချင်းဆိုင် တိုက်ဝံ့ဖို့တော့ မထင်။ အမေရီကန်တိ သီရဖို့စွာကို သီအောင်ကြောက်ကတ်လို့၊ ကကောင်း ငကြောက်သန်နိန်ဗျာလ်။ ယင်းသူရို့ လူ့အခွင့်အရေးဆိုစွာလောက်ရာ သိရေ။ ယင်းအတွက်နန့်လည်း တရက်ထက်တရက် ပိုပို ဆိုးရွားလာစွာ။ အမေရီကန်စစ်သားတိ လီအီးပီးစက် ထည့်ထားရေ အခန်းအပြင်ကို ထွက်ပနာ အကြမ်းခံ မလုပ်နိုင်ကတ်။” ဆိုပနာ အသက် ၇၃ နှစ် ရှိနိန်ဗျာလ်ဖြစ်တေ ဒူတာတေ က ပြောလားခပါရေ။