ပြင်သစ်ဥပဒေသစ်မှာ လိင်ဆက်ဆံဖို့ အနည်းဆုံး အသက် ၁၅ နှစ်ကို ပြန်ရုတ်သိမ်း

FILE PHOTO © Georges Gobet : AFP
FILE PHOTO © Georges Gobet : AFP

လိင်ဆက်ဆံဖို့ ကြည်ဖြူကေတောင် အနည်းဆုံး အသက် ၁၅ နှစ် ပြည့်ရဖို့လို့ တောင်းဆိုကတ်စွာကို ပြင်သစ် ဥပဒေသစ်မှာ ပြန်ချော့ချလိုက်တေအတွက် ဝေဖန်ရေ လူတိက လူတိကို ဇဝေဇဝါ ဖြစ်စီရေဆိုပနာ ဝေဖန်ကတ်ပါရေ။

ပြင်သစ်နိုင်ငံမှာ ပပူနနွေး ဆွေးနွေးနိန်ကတ်စွာက၊ မုဒိန်းမှုနန့် တရားစွဲခံရရေ လူတယောက်က သူနန့် လိင်ဆက်ဆံခရေ အသက် ၁၁ နှစ်အရွယ် ကလိမ့်မေချေစွာ သူ့ကို လိုလိုလားလား ခွင့်ပြုခရေလို့ တရားရုံးမှာ တင်ပြခလို့ပါ။

ညဇာက ပြင်သစ်ပါလီမန်မှာ မဲပီးကတ်စွာမှာ လိင်ဆက်ဆံဖို့ ကြည်ဖြူကေတောင် အနည်းဆုံး အသက် ၁၅ နှစ် ပြည့်ရဖို့ဆိုရေအစား၊ အသက်မပြည့်ရေ အချေကို ထိုးထည့်ပနာ လိင်ပြစ်မှု ကျူးလွန်ခြင်း ဆိုပနာ ဥပဒေသစ်ကို ထုတ်ပြန်ခပါရေ။ ယင်းဥပဒေအရ ထောင် ၁၀ နှစ်ထိ ချမှတ်ခံရနိုင်ပါရေ။ ယကေလည်း မဒိန်းမှုပိုင် ထောင်ဒဏ် ၁၅ နှစ် – နှစ် ၂၀ ထိတော့ မရှိပါ။

ပြင်သစ်နိုင်ငံမှာ မဒိန်းမှုကို “တယောက်ယောက်ကို ကိုယ်ကာယနန့် အနိုင်ကျင့်လို့ ဖြစ်စီ၊ တခုခုနန့် ခြိမ်းခြောက်လို့ ဖြစ်စီ၊ နာကြင်အောင် လုပ်လို့ ဖြစ်စီ၊ အံ့သြမင်တက်လားအောင် လုပ်လို့ဖြစ်စီ၊ လိင် ထိုးထည့်ပနာ ဆက်ဆံခြင်း” လို့ အဓိပ္ပာယ် ဖွင့်ပါရေ။

အဂု ဥပဒေကတော့ “အသက် ၁၅ နှစ် နန့် အောက် အချေတိကို အံ့သြမင်တက်လားအောင် လုပ်လို့ဖြစ်စီ၊ တခုခုနန့် ခြိမ်းခြောက်လို့ ဖြစ်စီ လုပ်စွာရေ၊ ကြည်ကြည်ဖြူဖြူ လုပ်ဖို့ အသေအချာ မဆုံးဖြတ်တတ်သိမ့်ရေ အချေတိ အနည်းချက်ကို အလွှဲသုံးစား လုပ်ပနာ အခွင့်ကောင်းယူစွာ ဖြစ်တေ။” လို့ ပြဌာန်းလိုက်ပါရေ။

အသက် ၁၁ နှစ်သမီးချေကို “နင့်ကို နမ်းပုံနမ်းနည်း သင်ပီးမေ။” ဆိုပနာ ယင်းကလေက မြူဆွယ်ပနာ စခစွာပါ။