အိန္ဒိယအလယ်ပိုင်းမှာ နွားသတ်လို့ မူဆလင် တယောက်ကို ရွာသားတိ အသီဝိုင်းသတ်

© Kamal Kishore : Reuters
© Kamal Kishore : Reuters

အိန္ဒိယနိုင်ငံက ရွာတရွာမှာ ဒေသန္တရဥပဒေအရ နွားသတ်ကေ ထောင်ချအပြစ်ပီးနိုင်ရေလို့ တားမြစ်ထားရေ ကြားက၊ နွားခိုးသတ်လို့ မူဆလင်တယောက်ကို ရွာသားတိ ဒေါသထွက်ပနာ အသီ ဝိုင်းသတ်ပလိုက်ကတ်ပါရေ။

ဗြီးခရေ ကြာသပဒီးနိန့် ညဉ့်မှာ၊ အိန္ဒိယနိုင်ငံ အလယ်ပိုင်း မတ္တယာ ပရာဒတ်ရှ် ပြည်နယ်  (Madhya Pradesh state) အမ်ဂါရာ ရွာ (Amgara village) နားက ကျောက်ထုတ်စခန်းတခုမှာ မူဆလင် ၂ ယောက် နွားခိုးသတ်နိန်စွာကို ရွာသားတိ တွိလားပါရေ။ မတ္တယာ ပရာဒတ်ရှ် ပြည်နယ် ဥပဒေအရ ကျွဲ၊ နွားတိ သတ်စွာကို ရာဇဝတ်ပြစ်မှုလို့ သတ်မှတ်ထားပနာ ဥပဒေအရ အရေးယူနိုင်ပါရေ။ ယကေလည်း ရွာသားတိစွာ ဥပဒေအရ အရေးယူဖို့စွာကို မလုပ်ကတ်ဘဲ၊ ဒေါသထွက်ပနာ ကိုယ်ထိလက်ရောက် လုပ်ပလိုက်တေအတွက် မူဆလင် ၂ ယောက်မှာ ၁ ယောက် သီလားပနာ၊ ၁ ယောက်ကို အတွင်းလူနာအဖြစ် ဆေးရုံ တင်ထားရပါရေ။ ရဲတိ ရောက်လားရေ အချိန်မှာ သတ်ထားရေ နွား ၁ ကောင်နန့်၊ အိတ်ထဲမှာ ထည့်ထားရေ တခြား တရိစ္ဆန် ၂ ကောင်ကို တွိရပါရေ။ လူသီမှုအတွက် ရွာသား ၄ ယောက်ကို ဖမ်းပနာ အရေးယူထားပါရေ။

အိန္ဒိယနိုင်ငံ ဟိန္ဒူဘာသာဝင်တိက နွားစွာ ဘုရားနန့် ဆက်စပ်နိန်ရေလို့ ယူဆကတ်ပါရေ။ ၂၀၁၁ ခုနှစ် သန်းခေါင်စရင်းအရ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဘာသာဝင် ၈၀% ရှိပနာ၊ မူဆလင်ဘာသာဝင် ၁၄% ရှိပါရေ။