Great Arakan မှာ စာဖတ်လို့ မရဆိုကေ …

0
8302
Great Arakan Android App
Great Arakan Android App

GreatArakan.com က စာတိကို ဖတ်မရစွာက၊ နောက်ခံစာကို Zawgyi ကို မသုံးဘဲ၊ Unicode ကို သုံးထားလို့ပါ။ အေနိန်ရာမှာ Zawgyi နန့် Unicode ကို တစိချေ ရှင်းပြပါမေ။ Zawgyi စွာ နိုင်ငံတကာ စံချိန်စံညွှန်းကို မလိုက်နာရေအတွက်၊ မြန်မာစာ ဖတ်နိုင်ရေ Smart TV, Computer, Laptop, Tablet, Smart Phone တိမှာ Zawgyi ကို Install မလုပ်ကေ မြန်မာစာကို တခုပိုင်လည်း ဖတ်လို့ မရနိုင်ပါ။ Myanmar3 ရို့ပိုင် Unicode နန့် ရွီးထားရေ တခြား မြန်မာ နောက်ခံစာတိက နိုင်ငံတကာ စံချိန်စံညွှန်းကို လိုက်နာထားရေအတွက် ဇာနိုင်ငံက Smart TV, Computer, Laptop, Tablet, Smart Phone တိမှာ မဆို၊ တခုကိုလည်း အပို Install လုပ်စရာ မလိုဘဲ မြန်မာစာကို အလွယ်တကူ ဖတ်နိုင်ပါရေ။ တကဗာလုံးက ဇာနိန်ရာကို လားလား၊ တွိရေ ကင်ပျူတာ တခုခုမှာ GA ကို ဖွင့်ပနာ ရခိုင်စာတိကို အလွယ်တကူ ဖတ်နိုင်ပါရေ။ ရခိုင်သားတိကို နောက်မဆုတ်ဘဲ၊ ရှိတလှမ်း ထပ်တိုးပနာ နိုင်ငံတကာနန့် ရင်ဘောင်တန်းစီချင်လို့၊ မြန်မာ အများဆုံး သုံးရေ Zawgyi ကို မသုံးထားဘဲ Unicode ကို သုံးထားစွာပါ။ Zawgyi နန့် စာ ရိုက်တတ်တေ လူတယောက်၊ Unicode နန့်လည်း ၁ ရက်တည်းနန့် ကျွမ်းကျင်အောင် စာရိုက်နိုင်ပါရေ။ တရက် အချိန်ပီးပနာ ကိုယ့်စွာကို ပြန်မြှင့်တင်ကတ်ပါ။

Zawgyi ကို ဆက်သုံးချင်ကေလည်း ပြဿနာ မရှိပါ –

Zawgyi ကိုရာ ဆက်သုံးချင်ကေလည်း ပြဿနာ မရှိပါ။ အထက်မှာ ပြောခရေပိုင် Zawgyi မထည့်ထားရေ Browser တခုမှာ ဖွင့်ကြည့်ရုံပါ။ App Store မှာ Browsers လို့ ရိုက်ထည့်လိုက်ကေ အောက်မှာပိုင် Browser တိ အများကြီး တွိပါလိမ့်မေ။  Browser တခုခုကို Install လုပ်လိုက်ပနာ Address မှာ https://greatarakan.com လို့ ရိုက်လိုက်ကေ GA က စာတိကို တလွယ်တကူ ဖတ်လို့ရပါလိမ့်မေ။

Browsers
Browsers
Great Arakan
Great Arakan

တချို့ Browser တိမှာ Myanmar Unicode Add-on ထည့်ပနာလည်း သုံးလို့ ရနိုင်ပါရေ။