ရခိုင်ပြည်မှာ ကလား လက်နက်ကိုင်တိ ဟိန္ဒူတိကို အစုအပြုံလိုက် သတ်ခရေလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အစီရင်ခံစာ ထွက်

© REUTERS:Soe Zeya Tun
© REUTERS:Soe Zeya Tun

၂၀၁၇ ခုနှစ် သြော်ဂတ်စ်လ ၂၅ ရက်နိန့်မှာ၊ ရခိုင်ပြည်ထဲက အနောက်ခမောင်းဆိပ်ရွာကို လက်နက်ကိုင် မူဆလင်ကလားတိက ဝိုင်းပနာ၊ ဟိန္ဒူ ယောကျာ်း၊ မမက်၊ အချေ အနည်းဆုံး ၉၉ ယောက်ကို သေနတ်၊ ဒုတ်၊ ဓါးတိနန့် အစုလိုက် အပြုံလိုက် သတ်ခရေလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) အစီရင်ခံစာ တခု ညဇာက ထွက်ပေါ်လာပါရေ။ နောက်တနိန်ရာလည်း ဖြစ်နိုင်ခြေ ရှိသိမ့်ရေလို့ ယင်းအစီရင်ခံစာမှာ ဖော်ပြထားပါရေ။

၂၀၁၇ ခုနှစ် သြော်ဂတ်စ်လ ၂၆ ရက်နိန့်မှာလည်း၊ မြို့သူကြီးရွာက ယောကျာ်း ၁ ယောက်၊ မမက် ၂ ယောက် နန့် အချေ ၃ ယောက်၊ စုစုပေါင်း ဟိန္ဒူလူမျိုး ၆ ယောက်ကို အနီးကပ် သေနတ်နန့် ပစ်သတ်ခသိမ့်ရေလို့လည်း ဖော်ပြထားပါရေ။

မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ အိန်တာဗျူး အကြိမ်ကြိမ်နန့်၊ သေမှုစစ် ကျွမ်းကျင်ရေ ပညာရှင်တိနန့် အကြိမ်ကြိမ် လုပ်ဗြီးရေ နောက်မှာ Arakan Rohingya Salvation Army (ARSA) လို့ နာမေပီးထားရေ အဖွဲ့က အေပိုင် ရရက်စစက် သတ်ခစွာ ဖြစ်တေလို့ အစီရင်ခံစာမှာ ဖော်ပြထားပါရေ။

အသေးစိတ်ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ဝတ်ဘ်ဆိုက်က အေလိင့်ခ်မှာ ကလားတိ အစုပြုံလိုက် သတ်မှု အစီရင်ခံစာ လားဖတ်နိုင်ပါရေ။