“အသက် ရှည်ချင်လာ? ထောင်ထဲမှာ လားနိန်” ဒူတာတေ ပြော

Philippines' President Rodrigo Duterte Rodrigo Duterte © Dondi Tawatao / Reuters
Philippines' President Rodrigo Duterte Rodrigo Duterte © Dondi Tawatao / Reuters

ဖိလစ်ပိန်းသမ္မတ ရိုဒြီဂို ဒူတာတေ က  မူးယစ်ဆီးဝါး ရောင်းဝယ်ရေ လူတိကို “အသက်ရှည်ချင်လာ? ထောင်ထဲမှာ လားနိန်။ ယင်းအထဲက ထွက်မလာကဲ့။ အေဟင့်က မင်းရို့အတွက် အသက်ရှည်ဖို့ ပို သေချာရေ။” ဆိုပနာ တခါ ပြောလိုက်ပြန်ပါရေ။

ဖိလစ်ပိန်းမှာ မူးယစ်ဆီးဝါး ရောင်းဝယ်ဖောက်ကားစွာကို ကြကြမ်းတတမ်း တိုက်ဖျက်နိန်ရေအတွက်၊ ယူအန် လူ့အခွင့်အရေးကောင်စီ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတိနန့် အနောက်နိုင်ငံတိက အပြင်းအထန် ရှုတ်ချနိန်ရေကြားထဲက၊ ထပ်ပနာ ပြောလိုက်စွာပါ။ မူးယစ်ဆီးဝါး ရောင်းဝယ်ဖောက်ကားမှုနန့် ဖမ်းစွာကို အသာအယာ လက်မခံကေ၊ ငါ့သား ဖြစ်နိန်ကေတောင် ပစ်သတ်ပလိုက်လို့လည်း မူးယစ်ရဲတိကို အမိန့်ပီးထားပါရေ။

လောလောလတ်လတ် ယူအန် လူ့အခွင့်အရေး ကော်မရှန်နာ  (UN Human Rights Commissioner) ဇိုက်ဒ် ရဲ့ဒ် အဲလ် ဟူစိန် (Zeid Ra’ad Al Hussein) ကိုလည်း ဖာသယ်မသား (a son of a whore) လို့ ဆဲထားပါရေ။ (အယင်က ယင်းစကားကို အမေရီကန်သမ္မတ အိုဘားမား အတွက် သုံးဖူးပါရေ။) နိုင်ငံတကာ ရာဇဝတ်ပြစ်မှု တရားရုံး (International Criminal Court (ICC)) တရားသူကြီးက စုံစမ်းစစ်ဆေးမှုတိ လုပ်ဖို့ဆိုရေအတွက် ထောင်ထဲကို ဖမ်းထည့်ပလိုက်ဖို့ ဆိုပနာလည်း ခြိမ်းခြောက်ထားပါရေ။

၂၀၁၆ ခုနှစ် ဂျူလိုင်လကနိန် မူးယစ်ဆီးဝါးနှိမ်နှင်းရေး လုပ်လာစွာမှာ လူပေါင်း ၄၁၀၀ ကျော်ကို ပစ်သတ်ရှင်းလင်းခပါရေ။ လူ့အခွင့်အရေး အဖွဲ့အစည်းတိကတော့ခါ အေထက် ၃ ဆလောက် ပိုများရေလို့ ပြောကတ်ပါရေ။