ရွိပြောင်းလာရေ လူကုန်သမားတိ လုပ်လို့ အသက် မပြည့်ရေ မမက်ချေ ထောင်ချီ လိင်ကျွန်ဖြစ်

© : Getty Images
© : Getty Images

ရွိပြောင်းဝင်ရောက်လာရေ လူကုန်ကူးသမားတိက၊ လူမှုမီဒီယာတိက တဆင့် မြူဆွယ်ရေအတွက်နန့်၊ တနှစ်ကို အသက်မပြည့်ရေ ကလိမ့်မေချေ ၁၄၀၀ လောက်စီ၊ လိင်ကျေးကျွန်ဘဝကို ရောက်လားရရေလို့၊ နယ်သာလန်နိုင်ငံက အစီရင်ခံစာတခု ထွက်ပေါ်လာပါရေ။

လူကုန်ကူးရေ လူတိစွာ အယင်ကပိုင် လက်ဆောင်ပစ္စည်းကောင်းတိ၊ အနှစ်သာရ မရှိရေ ကတိစကားတိနန့် မြူဆွယ်စွာမျိုး မဟုတ်ဘဲ၊ လူမှုမီဒီယာတိက တဆင့် အယင်ဆုံး စိတ်ဝင်တစား ဖြစ်လာအောင် မြူဆွယ်ပနာ၊ နောက်ပိုင်းမှာ အားနည်းချက်တိနန့် အကျပ်ကိုင်ဗျာလ် လိင်ကျေးကျွန်ဘဝကို ဆွဲသွင်းလားရေလို့ ဒါ့ချ် သတင်းစာ အဲလ်ဂျီမီး ဒတ်ဘ်ဘလဒ် (Algemeen Dagblad) မှာ ဖော်ပြထားပါရေ။

အများအားဖြင့် မိသားစု အဆင်မပြေရေ ပတ်ဝန်းကျင်က၊ အသက် မပြည့်သိမ့်ရေ ကလိမ့်မေချေတိကို၊ အသက် မပြည့်သိမ့်ရေ အကောင်ချေတိနန့် ပထမ မြူဆွယ်ပနာ၊ ပါတီတိ၊ စားသောက်ဆိုင်တိ၊ မူးယစ်ဆေးဝါး သုံးကြည့်ဖို့စွာတိကို လုပ်ခိုင်းယင်း၊ လူမြင်မခံနိုင်ရေ ဗွီဒီယိုတိ ခိုးရိုက်ဗျာလ်၊ အများသိအောင် ထုတ်ပြဖို့ဆိုပနာ အကျပ်ကိုင်ယင်း၊ လိင်ကျေးကျွန်ဘဝကို ရောက်အောင် အတင်းအားဓမ္မ လုပ်ခိုင်းနိန်ရေလို့ ဆိုပါရေ။

“ယင်းပိုင် ဗွီဒီယိုတဖိုင် ရိုက်လို့ ရလားဗျာလ်ဆိုစွာနန့်၊ ယင်းကလိမ့်မေချေတိကို အကျပ်ကိုင်ဖို့ ရလားဗျာလ်။” လို့ လူကုန်ကူးတိုက်ဖျက်ရေးသမား အီးဆ်မီး ဟူးဂျ်စ် (Esmee Huijps) က ပြောလားပါရေ။

ယင်းလူကုန်ကူးရေ ကောင်တိစွာ၊ တရက်ကို ယူရို ၈၀၀ လောက်စီ ဝင်ကတ်ပနာ၊ အများအားဖြင့် မော်ရိုကိုလူမျိုး၊ တူရကီလူမျိုး၊ အန်တီလီယန်လူမျိုး နန့် ရိုးမားလူမျိုးရို့ ဖြစ်ကတ်တေလို့ ဆိုပါရေ။ ယင်းကောင်တိ အားလုံးမှာ တူနိန်ရေ တချက်က၊ အားလုံးစွာ ရာဇဝတ်ပြစ်မှု ကျူးလွန်ရေ လူတိ ဖြစ်နိန်တတ်ပနာ၊ လက်နက်နန့် မူးယစ်ဆေးဝါး ဖောက်ကားမှု လုပ်တေ ဂိုဏ်းတခုခုနန့် ဆက်နွယ်နိန်တတ်တေလို့ ဆိုပါရေ။

နောက်အကျပ်ကိုင်ရေ နည်းလမ်းတခုမှာ “နင်ရာ သငယ်ချင်း ၃ ယောက် ရအောင် ရှာပီးဖို့ဆိုကေ၊ နင် တရက်ကို ယောကျာ်း ၅ ယောက်ထက် ပို မအိပ်ရဗျာလ်။” လို့ လိင်ကျေးကျွန် ဖြစ်ဖူးခရေ ကလိမ့်မေချေ တယောက်က ပြန်ပြောပြပါရေ။ အဂု ယင်းပိုင် အဖြစ်ခံနိန်ရရေ မမက်ချေ ၁၀ ယောက်မှာ၊ ၁ ယောက်လောက်ကိုရာ ကူညီနိုင်သိမ့်ရေလို့ ဆိုပါရေ။

ဒုက္ခသည်တိကို လူသားချင်း စာနာပနာ ကယ်ဆယ်လိုက်လို့ နယ်သာလန်နိုင်ငံမှာ လောလောဆယ်ရလိုက်တေ ရလာဒ်တခုပါ။

၂၀၁၇ ခုနှစ်မှာ ဥရောပသမ္မဂအတွင်း ဒုက္ခသည် ၅၃၈၀၀၀ ကို ကာကွယ်ပီးဖို့ တရားဝင်ခွင့်ပြုခပါရေ။