ရာရှားသမ္မတ ပူတိန် နန့် ဂျပန်ဝန်ကြီးချုပ် အဘီ တွိပနာ အာကာသယာဉ်မှူးတိနန့် ပြော

Source - RT
Source - RT

ညဇာက မော်စကိုမြို့ ခြိမ်မလိမ် နန်းတော်မှာ၊ ရာရှားသမ္မတ ဗလာဒီမာ ပူတိန် နန့် ဂျပန်ဝန်ကြီးချုပ် ရှိန်ဇို အဘီ ရို့ တွိဆုံကတ်ပါရေ။ တွိဆုံမှု အဗြီးမှာ၊ နိုင်ငံတကာ အာကာသစခန်း (International Space Station (ISS)) မှာ ရောက်နိန်ကတ်တေ ရာရှား အာကာသယာဉ်မှူး အန်တွင် ဆာကာပလီရို့ဗ် (Anton Shkaplerov) နန့် ဂျပန် အာကာသယာဉ်မှူး နိုရီချီဂီ ကန်နိုင်း (Norishige Kanai) ရို့ကို အန်အရီဗ်စကီး ခန်းမ (Andreevsky Hall) ထဲက ဗွီဒီယိုနန့် တိုက်ရိုက် စကားပြောလားကတ်ပါရေ။

“အာကာသထဲက ပြဿနာတိကို ဖြေရှင်းဖို့၊ အာကာသထဲမှာ လက်တွဲ လုပ်ကိုင်ကတ်တေပိုင်၊ မြေပြင်မှာလည်း လက်တွဲ လုပ်ကိုင်ဖို့လိုရေ။” လို့ ပူတိန် က ပြောလားပါရေ။

နိုင်ငံတကာ အာကာသစခန်းထဲမှာ ရာရှား နန့် ဂျပန် လက်တွဲလာစွာ၊ အဂု ဆယ်စုနှစ် တခုထဲကို ရောက်လာပါဗျာလ်။ အဂု ဂျပန်က လာရောက်တေ အာကာသယာဉ်မှူးစွာ၊ သတ္တမမြောက် ဂျပန် အာကာသယာဉ်မှူးပါ။