အိုင်ယာလန်နိုင်ငံမှာ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ပီးဖို့ မဲနိုင်

Pro-Choice supporters celebrate at Dublin Castle, Ireland. : Reuters
Pro-Choice supporters celebrate at Dublin Castle, Ireland. : Reuters

သမိုင်းဝင် အပြောင်းအလဲတခုအဖြစ်၊ အိုင်ယာလန်နိုင်ငံ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံမှာ၊ ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင် သတ်မှတ်ပီးဖို့ တဖက်စောင်းနင်း မဲအသာစီးနန့် ဆုံးဖြတ်လိုက်ကတ်ပါရေ။

တနိုင်ငံလုံးမှာ မဲအရေအတွက် ၁,၄၂၉,၉၈၁ က၊ ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင် ခွင့်ပြုပီးဖို့ နန့်၊ ၇၂၃,၆၃၂ က ခွင့်မပြုပီးဖို့ မဲပီးခကတ်စွာပါ။ အယင်က အိုင်ယာလန်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခွင့် မရှိဆိုရေ၊ အိုင်ယာလန်နိုင်ငံ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ၈ ကြိမ်မြောက် ပြင်ဆင်စွာမှာ ပြဌာန်းခစွာကို၊ ပြန်ပြင်လားဖို့ ဖြစ်ပါရေ။

ကိုယ်ဝန်ဖျက်ချခွင့် ပီးသင့်ရေလို့ ထောက်ခံရေ လူတိက၊ ကိုယ်ဝန်မဖျက်ချရလို့ ကလိမ့်မေတိ မသီသင့်ဘဲ သီလားရစွာကို ထောက်ပြကတ်ပနာ၊ ကိုယ်ဝန်ဖျက်ချခွင့် မပီးသင့်လို့ ထောက်ခံရေ လူတိကလည်း၊ ကိုယ်ဝန်ရှိလို့ ၂၂ ရက် အကြာမှာ၊ အချေတိ အသက် စရှူဗျာလ်ဖြစ်လို့၊ အသက် ရှင်နိန်ရေ အချေကို မသတ်သင့်လို့ ထောက်ပြကတ်ပါရေ။