မရမာကြီး အမျိုးသားနိ စစ်တွေမှာ ကျင်းပ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မေ ၃၀
စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မေ ၃၀

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုထဲက မရမာကြီးလူမျိုးတိ အမျိုးသားနိကို မေလ ၂၉ ရက်နိမှာ စစ်တွေမြို့မှာ ကျင်းပခရေလို့ သိရပါရေ။

မရမာကြီး အမျိုးသားနိကို ကျင်းပရရေ ရည်ရွယ်ချက်တိမှာ တယောက်နန့် တယောက် စည်းလုံးညီညွတ်မှု ခိုင်မာလာဇီဖို့၊ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ပျောက်ကွယ်လုနီးပါးဖြစ်နိန်ရေ ယဉ်ကျေးမှု၊ သမိုင်း၊ စာပီ လက္ခဏာတိကို ပြန်လည်ဖော်ထုတ် အသက်သွင်းဖို့၊ မရမာကြီး လူငယ် လူရွယ်တိ အသိပညာပီး ဟောပြောပွဲတိ ပြုလုပ်ပီးနိုင်ဖို့၊ မရာမာကြီး လူမျိုးတိ စကား၊ စာပီ၊ ယဉ်ကျေးမှု၊ စရိုက်တိကို အမြတ်တနိုးထားတတ်ဇီဖို့ ဖြစ်တေလို့ မရမာကြီး တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင် ဦးမောင်ပုက ပြောလားပါရေ။

ပထမအကြိမ် မရမာကြီး အမျိုးသားနိကို ကျောက်ဖြူမြို့၊ ဒုတိယနန့် တတိယအကြိမ်ကို စစ်တွေမြို့မှာ ကျင်းပပြုလုပ်ခရေလို့ ဆိုပါရေ။

အခမ်းအနားမှာ ပန်းချီပြိုင်ပွဲနန့် လှယဉ်ကျေးမယ် ပြိုင်ပွဲမှာ ဆုရရှိရေ လူတိကို ဆုတိ ချီးမြှင့်လားပါရေ။

မရမာကြီးလူဦးရေစွာ ၁၅၀၀၀ လောက် ရှိပနာ၊ စစ်တွေ၊ ကျောက်ဖြူ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မောင်တောမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ရို့မှာ ပျံ့နှံ့နေထိုင်လို့ ရှိကတ်တေလို့ သိရပါရေ။

ကိုးကား – စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မေ ၃၀