ရခိုင်မုနိပူဇာပွဲ စစ်တွေမှာ ကျင်းပ

စံမောင်သန်း စစ်တွေ၊ နိရဉ္စရာ၊ မေ ၃၀
စံမောင်သန်း စစ်တွေ၊ နိရဉ္စရာ၊ မေ ၃၀

ကဆုန်လပြည့်နိမှာ ရှေးဟောင်း ဗုဒ္ဓဆင်းထုတော်တိကို လှည့်လည်အပူဇော်ခံရေ၊ ရခိုင်မုနိပူဇာပွဲကို၊ သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပနာ၊ စစ်တွေမြို့မှာ ညဇာက ကျင်းပခပါရေ။

ရခိုင်မုနိပူဇာပွဲကို၊ ရခိုင်ကဆုန်လပြည့်နိ၊ မေလ ၂၉ ရက်နိ၊ နိခင်း ၃ နာရီအချိန်မှာ ကျင်းပဖို့ စီစဉ်ထားကေလည်း၊ ရာသီဥတု မကောင်းလို့၊ ညဇာ ၆ နာရီလောက်မှ ကျင်းပခရပါရေ။

အဂု ၅ ကြိမ်မြောက် ရခိုင်မုနိပူဇာပွဲမှာ မဟာမုနိပုံတော်၊ လရောင်ဝင်းကျောင်းက ဓညဝတီခေတ် ဗုဒ္ဓဆင်းထုတော်၊ စစ်တွေမြို့ လမ်းမတော်မြောက်ကျောင်းက ဝေသာလီခေတ် ဗုဒ္ဓဆင်းထုတော်၊ ကယုချောင်းကျောင်းက မဟာကျိန်ဘုရား၊ ရွှေစေတီကျောင်းက မြောက်ဦးခေတ် ဗုဒ္ဓဆင်းထုတော်နန့် မဟာမုနိ ပုံတူ ဗုဒ္ဓဆင်းထုတော် စုစုပေါင်း ဗုဒ္ဓဆင်းထုတော် ၅ ဆူနန့် ပိဋကတ် ၃ ဖုံရို့ ပါဝင်ရေလို့ သိရပါရေ။

“ရှိခေတ်က ဗုဒ္ဓဆင်းထုတော်တိကို တစုတပေါင်းတည်း ပူဇော်နိုင်ဖို့၊ အန္တရာယ်ခပ်သိမ်း ကင်းဝီးဇီဖို့၊ ဘာသာ သာသနာ စည်ပင်ဖွံ့ဖြိုးဇီဖို့နန့် ရှေးက ဘိုးဘေး၊ အဇူအဇာတိ ဆောင်ရွက်ခစွာတိကို နောင်လာမျိုးဆက်သစ်တိ ဆက်လက်ဆောင်ရွက်ဇီချင်ရေ ရွယ်ရွယ်ချက်တိနန့် ကျင်းပခစွာ ဖြစ်ပါရေ။” လို့ သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့ နာယက ဦးမောင်သိန်းထွန်းက နိရဉ္စရာသတင်းဌာနကို ပြောပြပါရေ။

ရခိုင်ဘုရင့်နိုင်ငံတော်မှာ မုနိပူဇာပွဲကို ရှင်တော်ဗုဒ္ဓ ကိုယ်စားတော် မဟာမုနိဆင်းထုတော်ကို ရခိုင်လူမျိုးတိ စတင်သွန်းလုပ်ခရေ မဟာသက္ကရာဇ် ၁၂၃ ခု ၊ ဘီစီ ၅၅၄ ခုနှစ် ကဆုန်လပြည့်နိ ဗုဒ္ဓဟူးနိမှာ စတင်ခပနာ၊ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နန့် မြောက်ဦးခေတ်အဆက်ဆက်တိမှာလည်း ပြုလုပ်ခရေလို့ သိရပါရေ။

စံမောင်သန်း စစ်တွေ၊ နိရဉ္စရာ၊ မေ ၃၀
စံမောင်သန်း စစ်တွေ၊ နိရဉ္စရာ၊ မေ ၃၀

ရခိုင်မုနိပူဇာပွဲကျင်းပခွင့်ရဖို့အတွက်၊ အယင်နှစ်တိက တနိန်ရာတည်းမှာရာ တင်ပြခရကေလည်း၊ အေနှစ်မှာ ၇ နိန်ရာထိ တင်ပြတောင်းဆိုခရပနာ၊ မိုးရွာနိန်ရေ ကြားထဲမှာ ခက်ခက်ခဲခဲ လုပ်ဆောင်ခရလို့ ပူးပေါင်းပါဝင်ရေ လူတိကို၊ အထူးကျေးဇူးတင်ရှိပါရေလို့ သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇံမောင်က ပြောလားပါရေ။

“အေပိုင် ရခိုင်မုနိပူဇာပွဲမှာ ပါဝင်ဆောင်ရွက်ခွင့် ရခလို့၊ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်မိပါရေ။ နောက်နှစ်တိမှာလည်း ဆက်လက်ကျင်းပဇီချင်ပါရေ။” လို့ စစ်တွေမြို့ ဓညဝတီရပ်ကွက်က မခင်စိုးမြင့်က ပြောလားပါရေ။

ရခိုင်မုနိပူဇာပွဲမှာ မရမာကြီးတိုင်းရင်းသားမျိုးနွယ်စုနန့် အခြားရခိုင်လူမှုအဖွဲ့အစည်းတိလည်း ပူးပေါင်း ပါဝင်ခကတ်ပါရေ။

ဗုဒ္ဓဆင်းထုတော်တိကို လှည့်လည်အပူဇော်ခံနိန်ရေ အချိန်မှာ လမ်းဘေး ဝေးယာက စေတနာရှင်တိက အလှူငွေတိ ထည့်ဝင်ပနာ လှူဒါန်းခကတ်ပါရေ။

ကိုးကား – စံမောင်သန်း စစ်တွေ ၊ နိရဉ္စရာ၊ မေ ၃၀