ယူအပ်စ်က ကုန်သွယ်ဖက် ကန်နေဒါ၊ မက္ကဆီကို နန့် အီးယူ နိုင်ငံတိဘားက သွင်းကုန်ခွန် ကောက်ဖို့ထုတ်ပြန်

The Port Talbot steel works in Wales are the biggest in Britain. Photograph- Dimitris Legakis for the Guardian
The Port Talbot steel works in Wales are the biggest in Britain. Photograph- Dimitris Legakis for the Guardian

ကုန်သွယ်ဖက်နိုင်ငံတိက တောင်းဆိုစွာကိုတောင် လက်မခံဘဲ၊ အမေရီကန်ပြည်ထောင်စုက ကန်နေဒါ၊ မက္ကဆီကို နန့် အီးယူ နိုင်ငံတိက တင်သွင်းရေ သံနန့် အလူမီနီယံတိကို သွင်းကုန်ခွန် ကောက်ဖို့လို့ နောက်ဆုံးသတ်မှတ်ရက် သောကြာနိ၊ မိုးသောက် ၄ နာရီ အမီ၊ အမိန့်ထုတ်ပြန်လိုက်ပါရေ။

အေနိုင်ငံတိက တင်သွင်းရေ သံကို သွင်းကုန်ခွန် ၂၅% နန့် အလူမီနီယံကို သွင်းကုန်ခွန် ၁၀% ကောက်ခံလားဖို့ ဖြစ်တေလို့ ယူအပ်စ် ကုန်သွယ်ရေးဝန်ကြီး ရိုးစ် (Ross) က ပြောလားပါရေ။

“ကျွန်တော်ရို့ မက္ကဆီကို၊ ကန်နေဒါနန့် တဖက်မှာ ဆွေးနွေးဖို့ ရှိရေပိုင်၊ တခြားတဖက်မှာလည်း ဥရောပသမဂ္ဂ ကော်မရှန်နန့် ဆွေးနွေးလားဖို့ ရှိပါရေ။ ဇာဖြစ်လို့ဆိုကေ တခြားဖြေရှင်းရာ ကိစ္စတိလည်း ရှိနိန်သိမ့်လို့ပါ။” လို့ ရိုးစ် က သတင်းထောက်တိနန့် ညဇာက တွိဆုံစွာမှာ ပြောလားပါရေ။

အေပိုင် အခွန်ကောက်လိုက်စွာက ဥရောပသမ္မဂနိုင်ငံတိက ယူရို ၆.၄ ဘီလီယံ (အမေရီကန်ဒေါ်လာ ၇.၄ ဘီလီယံ) တန်ဖိုးရှိရေ သတ္တု တင်ပို့မှုကို ခြိမ်းခြောက်မှု တခု ဖြစ်လာနိန်ပါရေ။ တန်ပြန်အနိန်နန့် ဥရောပသမဂ္ဂနိုင်ငံတိကလည်း အမေရီကန်ပြည်ထောင်စုက တင်သွင်းရေ မော်တော်ဆိုင်ကယ်၊ ဂျိမ်း၊ စီးဂရက်၊ အချိုရည်၊ ထောပတ် အစရှိစွာတိကို သွင်းကုန်ခွန် ကောက်လားဖို့လို့ ခြိမ်းခြောက်ထားပါရေ။

ကန်နေဒါ၊ မက္ကဆီကို နန့် အီးယူ နိုင်ငံတိမှာတော့ခါ အမေရီကန်ပြည်ထောင်စုနန့် ကုန်သွယ်ရေး စစ်ဖြစ်ဗျာလ်ဆိုပနာ ပွက်ပွက်ညံနိန်ပါရေ။