ကန်ဆာရောဂါတိကို သွီးစစ်စွာနန့် ကြိုသိနိုင်ရေ နည်းလမ်းသစ်တခု ရှာတွိ

Ovarian cancer cells. Researchers hope the tests for cancer cells will become part of a ‘universal screening’ tool. Photograph- Media for Medical:UIG via Getty Images
Ovarian cancer cells. Researchers hope the tests for cancer cells will become part of a ‘universal screening’ tool. Photograph- Media for Medical:UIG via Getty Images

တရက်တည်းမှာ သွီးတခါ စစ်ရုံနန့် ကန်ဆာရောဂါ ၁၀ မျိုးကို၊ လူနာ ရောဂါလက္ခဏာ မပြခင်ကပင် ကြိုသိနိုင်ရေ နည်းလမ်းတခုကို ရှာတွိဗျာလ်လို့ ကဗာ့အကြီးဆုံး ရောဂါရှာဖွေရေးနန့် ကုသရေး ပညာရှင်တိ တွိဆုံပွဲမှာ ကြေငြာလိုက်ပါရေ။

ယင်းနည်းလမ်းကို လဲ့ကွဲ့ဒ် ဘိုင်အိုစီ Liquid biopsy လို့ ခေါ်ပနာ ကန်ဆာဆဲလ်တိက သွီးထဲကို ထုတ်လွတ်တေ ဒီအန်အေ (DNA) ကို သွီးကို စစ်ဆေးစွာနန့် သိနိုင်ရေ နည်းလမ်းတမျိုးပါ။ အေနည်းလမ်းက သားအိမ်ကန်ဆာနန့် ကိုယ်တွင်းကလီဇာ ကန်ဆာတိကို အငယ်ချေ အဆင့်ကပင် အအောင်မြမြင် ကြိုသိနိုင်ရေလို့ ဆိုပါရေ။

အေ သွီးစစ်တေ နည်းလမ်းကို တကဗာလုံးက ဆရာဝန်တိ လူနာတိကို ကန်ဆာစစ်ဆေးစွာမှာ သုံးလာကတ်ဖို့လို့ သုတေသီတိက မျှော်လင့်နိန်ကတ်ပါရေ။

အေ သွီးစစ်တေ နည်းလမ်းနန့် လူနာ ၁၆၀၀ ကို စစ်ဆေးကြည့်စွာမှာ၊ လူ ၇၄၉ ယောက်မှာ ကန်ဆာ မတွိရဘဲ၊ လူ ၈၇၈ ယောက်မှာ ကန်ဆာရောဂါတိ တွိရရေလို့ ဆိုပါရေ။

ပန်ကရိယကန်ဆာ၊ သအိမ်ကန်ဆာ၊ အသည်းကန်ဆာနန့် ဂေါဘလာဒါကန်ဆာတိကို လူ ၅ ယောက်မှာ၊ ၄ ယောက်နှုန်း အတိအကျ ရှာပီးနိုင်ရေလို့ ဆိုပါရေ။

လိန်ဖိုမား (lymphoma) နန့် မိုင်လိုမား (myeloma) ကို ၇၅%၊ အစာအိမ်အောက် အူလမ်းကြောင်းကန်ဆာ (bowel cancer) ကို ၇၃%၊ လူ ၃ ယောက်မှာ ၂ ယောက်နှုန်း တတိကျကျ စစ်ပီးနိုင်ရေလို့ ဆိုပါရေ။ လူနာတိမှာ အဆုတ်ကန်ဆာ (Lung cancer) ကို ၅၉%၊ ဂေါင်းနန့် လိုင်ဖင်းကန်ဆာတိကို ၅၆% မှန်အောင် စစ်ပီးနိုင်ရေလို့ ဆိုပါရေ။