နိုင်ငံတကာဘဏ်ကြီးတိ ရှိသင့်စွာထက် စျီးပိုမြှင့်ရေ ဒုစရိုက်မှု ကျူးလွန်ကတ်တေလို့ သြစတြေးလီးယား စွပ်စွဲ

Source RT - Deutsche Bank
Source RT - Deutsche Bank

ကဗာကျော် ဘဏ်ကြီးတိ ဖြစ်တေ အေအန်ဇတ် (ANZ) ၊ ဒို့ချီ ဘန့်ခ် (Deutsche Bank) နန့် စီးတီးဂြို့ပ် (Citigroup) အပါအဝင်၊ တခြား ဘဏ် အများကြီးစွာ ဒုစရိုက်မှုမြောက်တေ ပကတိ ရှိသင့်စွာထက် စျီးပိုမြှင့်စွာတိ၊ စျီး မပြိုင်နိုင်အောင် အကွက်ချ စီစဉ်စွာတိ လုပ်ကတ်တေလို့ သြစတြေးလီးယား စားသုံးသူ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါရေ။

ယင်းအထဲမှာ ၂၀၁၅ ခုနှစ်က၊ အေအန်ဇတ် ရှယ်ယာ သြစတြေးလီးယန်း ဒေါ်လာ ၂.၅ ဘီလီယံ (အမေရီကန်ဒေါ်လာ ၁.၉ ဘီလီယံ) ဖိုး ရောင်းစွာလည်း ပါပါရေ။ အေအန်ဇတ် ဘဏ်စွာ သြစတြေးလီးယားက အကြီးဆုံး ဘဏ် ၄ ဘဏ်ထဲမှာ ပါပနာ၊ ဘဏ် အစုရှယ်ယာပေါင်း ၈၀.၈ သန်း သတ်မှတ်ထားပါရေ။ ရှယ်ယာတခုကို ချော့စျီးနန့်ဆိုပနာ အမေရီကန်ဒေါ်လာ ၃၀.၉၅ နန့် ရောင်းထားပါရေ။ ယင်းအရောင်းအဝယ်ကို ကဗာ့ရင်းနှီးမြှပ်နှံမှုမှာ ထိပ်ဆုံးက ဘဏ်တိ ဖြစ်တေ Deutsche Bank ၊ Citigroup နန့် ဂျေပီ မော်ဂန် (JP Morgan) ရို့ ကြားမှာ တခု မှတ်တမ်းမှတ်ရာလည်း မထားဘဲ၊ တတိတ်ချေ လုပ်လားကတ်ပါရေ။ ရည်ရွယ်ချက်က ANZ က အစိုးရ သတ်မှတ်ထားရေ စည်းမျဉ်းစည်းကမ်းတိထဲမှာ ဘောင်ဝင်လားအောင်လို့ပါ။

ယင်းဘဏ်တိစွာ အမြင့်ဆုံး နှစ်စဉ် ရငွေထဲက ၁၀% (ဝါ) ဒုစရိုက်မှု အစီအဉ် လုပ်လို့ ရလာရေ အမြတ် ၃ ဆကို ဒဏ်ရိုက်ခံရဖို့ အနိန်အထား ရောက်နိန်ပါရေ။ ပါရေ လူတိ ၁၀ နှစ်ထိ ထောင်ချခံရနိုင်ပါရေ။ ယင်းဘဏ်တိကတော့ခါ အမှား လုပ်စွာ မရှိလို့ ငြင်းနိန်ကတ်ပါရေ။

(မှတ်ချက် – မြန်မာနိုင်ငံမှာ သတ်မှတ်ထားရေ ဥပဒေ မရှိရေခါ၊ ဘဏ်တိက မြို့တိမှာ အဆောက်အဦးတိကို ပုံမှန်ပေါက်တေ စျီးထက် အဆမတန် စျီးပီးပနာ ဝယ်စွာကို ဒုစရိုက်မှု လုပ်တေလို့ မသိကတ်ပါ။ ယင်းချင့်က စျီးပြိုင်ဖို့ လူကို မတရားချိုးနှိမ်ပလိုက်တေ ဒုစရိုက်မှု တမျိုးပါ။ အမှန်တကယ် ဝယ်ချင်ရေ ပြည်သူတိ ယင်းနိန်ရာတိကို မဝယ်နိုင် ဖြစ်လားပါရေ။)