ရာရှားက S-400 ဒုံးပျံကာကွယ်ရေးစနစ် ဝယ်ကေ စစ်ရေးအရ အရေးယူဖို့ ကာတာကို ဆော်ဒီ ခြိမ်းခြောက်

© Paul Gypteau : AFP
© Paul Gypteau : AFP

ရာရှားနိုင်ငံထုတ် မြေကြီးကနိန် လီထဲကလာရေ ဒုံးပျံတိကို ပစ်ခွင်းနိုင်ရေ S-400 ကာကွယ်ရေးစနစ်ကိုရာ ဝယ်ယူဖို့ဆိုကေ၊ စစ်ရေးအရ အရေးယူဖို့ဆိုပနာ ဆော်ဒီအာရေးဗီးယားနိုင်ငံက အိမ်နီးနားချင်း ကာတာနိုင်ငံကို ခြိမ်းခြောက်ထားရေလို့ ဆောဒီဘုရင် ဆာလ်မန် (Salman) က ပြင်သစ်သမ္မတဘားကို ပို့ရေ စာကို ကိုးကားပနာ ပြင်သစ်သတင်းစာ လီ မင်ဒီ (Le Monde) မှာ ဖော်ပြထားပါရေ။

၂၀၁၇ ခုနှစ် ဂျုန်လကနိန်ပနာ၊ ဆော်ဒီအာရေးဗီးယား၊ ဘာရိန်း၊ ယူအေအီး နန့် အီဂျစ် နိုင်ငံရို့က အကြမ်းဖက်သမားတိကို ထောက်ပံ့မှုနန့် ရံပုံငွေ ပီးရေဆိုပနာ ကာတာနိုင်ငံနန့် သံတမန် အဆက်အသွယ် ဖြတ်တောက်ထားကတ်ပါရေ။

ဒိုဟာ နန့် မော်စကို ကြားမှာ၊ S-400 ဒုံးခွင်းစနစ် အရောင်းအဝယ်ကိစ္စ ဆွေးနွေးနိန်ကတ်စွာကို ဆော်ဒီတိ ကကောင်း စိုးရိမ်နိန်ပုံ ရပါရေ။ “ယင်းကာကွယ်ရေးစနစ် ဝယ်ဖို့စွာ ပျက်လားအောင်၊ စစ်ရေးအပါအဝင် ဘုရင့်နိုင်ငံက ရရေ နည်းနန့် တားလားဖို့။” နန့် ပြင်သစ်နိုင်ငံကလည်း ကာတာကို သံတမန်ရေးအရ ဖိအားပီးလားဖို့ ယင်းစာထဲမှာ ဖော်ပြထားပါရေ။

အိန္ဒိယနိုင်ငံက S-400 ဝယ်ဖို့ ပြင်နိန်စွာကိုလည်း၊ အမေရီကန် လွတ်တော်အမတ်တိက ပြန်ပနာ သုံးသပ်ပီးဖို့ အေလထဲမှာ ထပ်ပနာ ဖိအားပီးထားပါရေ။ အိန္ဒိယနိုင်ငံက သူရို့နိုင်ငံ ကာကွယ်ရေးကို တယောက်လည်း ဝင်ပနာ စွပ်ဖက်လို့မရ ဆိုပနာ ဗြီးခရေ ရက်ပိုင်းက ကြေငြာခပါရေ။ S-400 ဆိုစွာ၊ အကြမ်းဖျင်း ကီလိုမီတာ ၄၀၀ အကွာအဝီးက ငှက်တကောင် အရွယ်အစား ဒုံးကျဉ်ကိုတောင် ပစ်ချနိုင်ရေလို့ အဓိပ္ပာယ် ရပါရေ။