“ငရဲပြည်ကို လားလီ” ဒူတာတေ ယူအန် အရာရှိကို ပြော

Rodrigo Duterte holds a sniper rifle during a rally in Manila © Dondi Tawatao : Reuters
Rodrigo Duterte holds a sniper rifle during a rally in Manila © Dondi Tawatao : Reuters

ဖိလစ်ပိန်းနိုင်ငံ တရားသူကြီးချုပ် ထွက်လားစွာနန့် ပတ်သတ်လို့ ယူအန် လူ့အခွင့်အရေး ကျွမ်းကျင်သူက ဝေဖန်စွာကို ဖိလစ်ပိန်းသမ္မတ ဒူတာတေ က “မင်းရာ ငရဲပြည်ကို လားလီ။” လို့ ပြန်ပြောလိုက်ပါရေ။

ဖိလစ်ပိန်းသမ္မတ ဒူတာတေ က၊ အစိုးရ တင်ပြချက်တိကို ထောက်ခံမှု မပီးရေ ဖိလစ်ပိန်း တရားသူကြီးချုပ် မာရီယာ လော်ဒီစ် ဆီရီနို (Maria Lourdes Sereno) ကို “ငါ့ ရန်သူ” လို့ ပြောလို့ ကကောင်းမကြာခင်၊ တရားရေးလွတ်တော်မှာ မဲ အဆုံးအဖြတ်နန့် တရားသူကြီးချုပ် ရာထူးက ပြုတ်လားပါရေ။ ယင်းချင့်ကို ယူအန် လူ့အခွင့်အရေး ကျွမ်းကျင်သူ ဒီဂို ဂါစီယာ-ဆာရန်း (Diego Garcia-Sayan) က သမ္မတ လုပ်ဆောင်ချက်တိစွာ “မူးယစ် တိုက်ဖျက်ရေးမှာ ငါ့ဖက်က နိန်ဖို့လား? ငါ့ကို ဆန့်ကျင်ဖို့လား? လို့ ပြောရေ စကားမျိုး၊ တရားရေးဌာန တခုလုံးကို အသိပီးလိုက်စွာနန့် တူရေ။” လို့ သောကြာနိက ထောက်ပြလိုက်ပါရေ။

အေနိန့် သတင်းထောက်တိနန့် တွိဆုံစွာမှာ ဒူတာတေ က “ငါရို့ တိုင်းပြည် ပြည်တွင်းရေးကိစ္စတိမှာ ဝင်မစွက်ဖက်ဖို့ ယင်းသူ့ (ဂါစီယာ-ဆာရန်း) ကို ပြောလိုက်ကတ်ချက်။ ယင်းသူ ငရဲပြည်ကို လားချင်ကေ လားနိုင်ရေ။ ယင်းသူ့ကို ကုလသမ္မဂ အထူးပုဂ္ဂိုလ်၊ အစီရင်ခံ တင်ပြရေ လူလို့ ငါ အသိအမှတ် မပြု။” လို့ ပြောလိုက်ပါရေ။

၂၀၁၆ ခုနှစ် ဂျူလိုင်လက စပနာ မူးယစ်ဆီးဝါး တိုက်ဖျက်ရေး လုပ်စွာမှာ လူပေါင်း ၄၁၀၀ ကို ရှင်းပစ်လိုက်ဗျာလ်လို့ ဖိလစ်ပိန်းရဲတပ်ဖွဲ့က ပြောပါရေ။ လူ့အခွင့်အရေးအဖွဲ့အစည်းတိကတော့ ယင်းထက် ၃ ဆလောက် ပိုများရေလို့ ဆိုပါရေ။