ဝါရှိန်တန်ပြည်နယ်မှာ Facebook နန့် Google ကို ရွီးကောက်ပွဲ ကြော်ငြာတိအတွက် တရားစွဲဖို့

0
1148
© Dado Ruvic : Reuters
© Dado Ruvic : Reuters

ညဇာက အမေရီကန်ပြည်ထောင်စု၊ ဝါရှိန်တန်ပြည်နယ် (Washington State) ၊ ဆိတဲလ်မြို့ (Seattle) မှာ ကဗာ့မီဒီယာ ကုမ္ပဏီကြီး ၂ ခုဖြစ်တေ Facebook နန့် Google ကို ပြည်နယ်မှာ ပြဌာန်းထားရေ ဥပဒေတိကို မလိုက်နာရေအတွက် ပြည်နယ်တရားသူကြီးချုပ် ဘော့ ဖာဂူဆင် (Bob Ferguson) က တရားစွဲဆိုလိုက်ပါရေ။

၂၀၁၃ ခုနှစ်က စပနာ၊ မီဒီယာတိနန့် အစိုးရတာဝန်ရှိရေ လူတိက တောင်းဆိုရေ၊ နိုင်ငံရေးကြော်ငြာတိနန့် ပတ်သတ်တေ အချက်အလက်တိကို၊ ယင်းမီဒီယာကုမ္ပဏီတိက ထုတ်မပီးရေအတွက်၊ တရားစွဲဆိုစွာလို့ ဆိုပါရေ။

“အေ ဝါရှိန်တန်ပြည်နယ်မှာ တခြားကဗာနန့် မတူစွာတိ ရှိပါရေ။ ရေဒီယိုသတင်းဌာနတိ၊ ဇာရောင်းဝယ်လေဆိုစွာ ထိုးဖောက်မြင်သာမှု ရှိပါရေ။ တီဗွီသတင်းဌာနတိ ဇာရောင်းဝယ်လေဆိုစွာ ထိုးဖောက်မြင်သာမှု ရှိပါရေ။ ယကေလည်း Facebook နန့် Google ကြော်ငြာတိကျမှ ထိုးဖောက်မြင်သာမှု မရှိဖြစ်နိန်ပါရေ။” ဆိုပနာ ဆိတဲလ်မြို့ သတင်းစာ ဒ ဆတြိန်းဂျာ (The Stranger) နန့် တွိဆုံစွာမှာ ဖာဂူဆင် က ပြောလားပါရေ။

ဝါရှိန်တန်ပြည်နယ်မှာ ၁၉၇၂ ခုနှစ်ကပင် “စီးပွားရေး ကြော်ငြာရှင်တိ အစီရင်ခံစာ တင်ရဖို့” (Commercial Advertisers’ Duty to Report) ဆိုရေ ဥပဒေတခုကို ပြဌာန်းခပနာ၊ ယင်းချင့်နန့် ဆဆင်တူရေ ဥပဒေတခုကိုလည်း ဆိတဲလ်မြို့မှာ ၁၉၇၇ ခုနှစ်ကပင် ပြဌာန်းထားပါရေ။

၂၀၀၈ ခုနှစ်က စပနာ၊ ဝါရှိန်တန်ပြည်နယ်က နိုင်ငံရေး မဲဆွယ်ပွဲတိအတွက် Facebook နန့် Google မှာ ထည့်ခရေ ကြော်ငြာတိ တန်ဖိုးစွာ ဒေါ်လာ ၄.၆ သန်းဖိုး ရှိပနာ၊ ၂၀၁၆ ခုနှစ် ဆိတဲလ်မြို့ မြူနီစပယ် မဲဆွယ်ပွဲ တခုတည်းအတွက် Facebook မှာ ထည့်ခရေ နိုင်ငံရေး ကြော်ငြာစွာ စုစုပေါင်း ၆၅၀ ခု ရှိရေလို့ ဆိုပါရေ။

ပြဌာန်းထားရေ ဥပဒေတိကို မလိုက်နာရေအတွက် ကြော်ငြာ ၁ ခုကို ဒေါ်လာ ၁ သောင်းထိ ဒဏ်ရိုက်နိုင်ပါရေ။ ယင်းငွေ ပမာဏနန့်ဆိုကေတော့ခါ Facebook နန့် Google စွာ ဒေါ်လာသန်းပေါင်းများစွာ ဒဏ်ရိုက်ခံရဖို့ အနိန်အထားမျိုး ဖြစ်နိန်ပါရေ။