ညဇာက ကိုယ့်စွာကို သတ်သီလားရေ ဒီဇိုင်းနာ Kate Spade ကဗာကျော်ဖြစ်လာပုံ ဘဝ တစိတ်တပိုင်း

Kate Spade posing with her shoes and handbags in 2004. Photograph- Bebeto Matthews:AP
Kate Spade posing with her shoes and handbags in 2004. Photograph- Bebeto Matthews:AP

အသက် ၅၅ နှစ်အရွယ်၊ အမေရီကန် ဒီဇိုင်နာ ကိတ် ဆပိတ် (Kate Spade) စွာ၊ ညဇာက သူ့ နယူးယော့ခ် အိမ်မှာ ဆွဲကြိုးချ သီလားပါရေ။ သူ့အသက်အရွယ် မျိုးဆက်တိထဲမှာ၊ ကိတ် စွာ အမေရီကန် ဖတ်ရှန်သမိုင်းမှာ နာမေအကြီးဆုံး ဒီဇိုင်နာတိအထဲက တယောက်ပါ။

၁၉၉၁ ခုနှစ်မှာ၊ စာရွက်တိကို တိပ်နန့် ကပ်ပနာ လုပ်ထားရေ ဒီဇိုင်း ပုံစံနန့်၊ ဖတ်ရှန်လောကထဲကို ကိတ် စပနာ ဝင်ရောက်လာပနာ၊ အဂုအခါ ကဗာတဝှမ်းက စျီးအကြီးဆုံး ဖတ်ရှန်ဆိုင်တိမှာမှ သူ့အမှတ်အသားတဆိပ်တိကို တွိနိုင်ပါရေ။

အပျိုနာမေ ကိတ် ဘြိုစ်နာဟန် (Kate Brosnahan) နန့် အောင်မြင်လာပနာ၊ နာမေကြီး မဂ္ဂဇင်း မာဒီမွိုင်ဆဲလ်လီ (Mademoiselle) မှာ ဖတ်ရှန်အတ်ဒီတာ ဖြစ်လာပါရေ။ ယကေလည်း နောက်ပိုင်းမှာ သူ့အာရုံကို အဓိက ဖမ်းစားနိုင်စွာက လက်ကိုင်အိတ်တိမှန်း ရိပ်စားမိလာပါရေ။

နောက်ပိုင်း အိမ်ရှင် ဖြစ်လာဖို့ အန်ဒီ ဆဖိတ် (Andy Spade) အကူအညီနန့် မန်ဟတ္တန် (Manhattan) က သူ့အခန်းထဲမှာ အမဲရောင် နိုင်လွန်အိတ်တိကို စပနာ စုဆောင်းလာပါရေ။ နှစ်ယောက်သား ရည်ရွယ်ချက်က အပိုအလို မရှိ၊ သူ့နိန်ရာနန့် သူ ပနံသင့်ရေ လက်ကိုင်အိတ်တိ ဖန်တီးဖို့ပါ။

သူဖန်တီးရေ လက်ကိုင်အိတ်တိကို ပထမဆုံး အသိအမှတ်ပြုလာကတ်စွာက ဖတ်ရှန်မဂ္ဂဇင်း အတ်ဒီတာတိပါ။ “လမ်းမှာ မမက် ၂ ယောက် မျက်နှာချင်းဆိုင် တွိလို့၊ ၂ ယောက်လုံး လက်ထဲမှာ ကိတ် ဆဖိတ် ဖန်တီးထားရေ လက်ကိုင်အိတ်တိ ကိုင်ထားကတ်ကေ၊ ငါရို့ ၂ ယောက်လုံး အတူတူ ဆိုပနာ၊ တယောက်ကို တယောက် ဂေါင်းညိတ်ပြတတ်ကတ်တေ။” လို့ ဝါးဒ် ဆထြိတ်ဂျာနယ် ဖတ်ရှန်သတင်းထောက် ခရစ္စတီနာ ဘိန်ကလေ ၂၀၁၆ ခုနှစ်က ရွီးထားစွာကို တွိရပါရေ။

နောက် ၇ နှစ်ကြာရေခါ စီးပွားရေးအရ ကကောင်း အောင်မြင်လာပါရေ။ ၁၉၉၃ – ၁၉၉၅ အကြားမှာ ရောင်းအား အမေရီကန်ဒေါ်လာ ၁ သိန်းကနိန် ၁ သန်းခွဲအထိ ခုန်တက်လာပါရေ။ ၁၉၉၈ ခုနှစ် အရောက်မှာ အမေရီကန်ဒေါ်လာ ၂၇ သန်း ဖြစ်လားပါရေ။ ၁၉၉၄ ခုနှစ်မာ အန်ဒီ ဆဖိတ်ကို လက်ထပ်လိုက်လို့ ကိတ် ဘြိုစ်နာဟန် ကနိန် ကိတ် ဆဖိတ် ဖြစ်လာပါရေ။

၁၉၉၉ ခုနှစ်မှာ ဘော်ဆတွင် ဂလုပ်ဘ် (Boston Globe) မဂ္ဂဇင်းနန့် တွိစွာမှာ “ဖတ်ရှန် အနှစ်သာရက အလုပ် ဖြစ်ဖို့စွာနန့် ကြည့်ကောင်းဖို့စွာကို မျှမျှတတဖြစ်အောင် လုပ်ထားစွာရာ ဖြစ်တေ။” လို့ ကိတ် က ပြောပြဖူးပါရေ။ “လက်ကိုင်အိတ်တိစွာ ယင်း ၂ ခုလုံးနန့် ပြည့်စုံရဖို့။ ယင်းချင့်ကို ဒီဇိုင်နာတိ မိနိန်ကတ်တေ။ လက်ကိုင်အိတ် အင်ဒန်များများက ထမင်းချက်ခန်းက လက်ဆီးဇလုံလောက်ကို ထည့်လားလို့ရရေ။ ယကေလည်း အမဲရောင် အိတ်ကြီးတိ အနိန်နန့်ရာ ရှိနိန်ရေ။”

၁၉၉၆ ခုနှစ်မှာ အမေရီကန် ဖတ်ရှန်ဒီဇိုင်နာတိ ကောင်စီ (Council of Fashion Designers of America) က၊ ကိတ် ကို လူသုံးကုန်ပစ္စည်း ဖတ်ရှန်ပညာရှင်သစ်အဖြစ်၊ နှစ်ပတ်လည် ဆုပီးပွဲမှာ အသိအမှတ် ပြုခပါရေ။ ၁၉၉၈ ခုနှစ်မှာ၊ တနှစ်အတွက် အကောင်းဆုံး လူသုံးကုန်ပစ္စည်း ဒီဇိုင်နာအဖြစ်၊ အသိအမှတ်ပြုကတ်ပြန်ပါရေ။

၂၀၀၆ ခုနှစ်မှာ၊ ကိတ် စွာ သူ့သမီးကို စောင့်ရှောက်ဖို့အတွက်၊ သူ့အမှတ်အသားတဆိပ်ကို နီမန် မာကာ့စ် အုပ်စု (Neiman Marcus Group) ကို ရောင်းပလိုက်ပါရေ။ ၂၀၁၆ ခုနှစ်မှာ မိသားစုနာမေ ဖရင့်စ် ဗာလန်တိန်း (Frances Valentine) နန့် ဖတ်ရှန်လောကထဲကို တကျော့ဝင်လာပြန်ပါရေ။ တခြားနာမေတိကို ထပ်ထည့်ပနာ ကတ်သရိန်း နိုယဲလ် ဖရင့်စ် ဘြိုစ်နာဟန် ဆဖိတ် (Katherine Noel Frances Valentine Brosnahan Spade) လို့ ဖြစ်လာပါရေ။

နောက်ဆုံးအချိန်မှာ ဇာဖြစ်လားလေတော့ မသိပါ။ ယကေလည်း အမေရီကမှာတောင်မက၊ တကဗာလုံးမှာတော့ခါ သူ့နာမေနန့် လက်ကိုင်အိတ်တိက ထိပ်တန်းတဆိပ်တခုအနိန်နန့် ဆက်ပနာ ကျန်ခပါဖို့သိမ့်။