“ဖေသာယူပြီး သူ့အလုပ် သူလုပ်တေ မကောင်းစွာမတိက အစိုးရဝန်ထမ်းတိထက် ပိုကောင်းရေ” အိန္ဒိယ ဥပဒေပြုအမတ် ပြော

© Michael Hanschke : Reuters
© Michael Hanschke : Reuters

“အစိုးရဝန်ထမ်းတိလို့ ဂေါင်းထဲမှာ ကကောင်း ထည့်မထားကဲ့။ ယင်းသူရို့ထက် မကောင်းစွာမတိက ပိုတောင် ကောင်းသိမ့်ရေ။ ဖေသာယူဗြီးစွာနန့် ယင်းသူရို့ လုပ်ရဖို့စွာကို အသေအချာ လုပ်ကတ်တေ။” လို့ အိန္ဒိယ ဥပဒေပြု အမတ်တယောက်က ပြောလိုက်ပါရေ။

အေနိ ဘဟာရာတီယ ဂျာနာတာ ပါတီ (Bharatiya Janata Party (BJP)) ဥပဒေပြု လွတ်တော်အမတ် ဆူရန်ဒြာ ဆိန်း (Surendra Singh) က လူထု တွိဆုံမှုတခုမှာ အေအန်အိုင် (ANI) သတင်းဌာနနန့် တွိဆုံယင်း၊ “မကောင်းစွာမတိက အစိုးရဝန်ထမ်းတိထက် ပို ကောင်းသိမ့်ရေ။ ဖေသာ ယူဗြီးကေ ယင်းသူရို့ လုပ်ရဖို့စွာတိ အားလုံး လုပ်ပီးရေ။ စင်ထက်ကို တက်ပနာတောင် ကပြလိုက်သိမ့်ယင့်။ ယကေလည်း အစိုးရဝန်ထမ်းတိကို ကြည့်လိုက်။ လစာတော့ ယူကတ်တေ။ ယကေလည်း ယင်းသူရို့ လုပ်ပီးရဖို့စွာ၊ တခုလည်း မလုပ်ပီးကတ်။ အလုပ်ဗြီးဖို့လို့ အာမခံချက်ဆိုစွာမျိုး မရှိ။” လို့ ပြောလိုက်ပါရေ။

ဆိန်း စွာ ဥတ္တာ ပရာဒတ်ရှ် (Uttar Pradesh) ပြည်နယ်က ဥပဒေပြုလွတ်တော်အမတ်ပါ။ သူ့ကို ထောက်ခံမှု ပီးထားရေ လူတိအကျိုးကို ရှေးရှုဗြီး ပြောစွာဖြစ်လို့၊ ထောင်ထဲကို ထည့်လိုက်ဖို့စွာလည်း မကြောက်လို့ အေနိ အိန္ဒိယ သတင်း (India Today) မှာ ဖော်ပြထားပါရေ။