ဆွီဒိန်နိုင်ငံမှာ နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ် အရံစစ်သား အားလုံးနန့် စစ်ရေးလေ့ကျင့်

© Hanna Sköld : Försvarsmakten
© Hanna Sköld : Försvarsmakten

စစ်အီးတိုက်ပွဲနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ်၊ ဆွီဒိန်နိုင်ငံမှာ ပြည်တွင်းကာကွယ်ရေးတပ်ဖွဲ့ (Home Guard force) ဝင် အရံစစ်သား ၂၂,၀၀၀ နန့် အချိန်တို စစ်ရေးလေ့ကျင့်မှု တခုကို လုပ်လားပါရေ။ တိုင်းပြည်အတွက် “ကာကွယ်နိုင်မှု နန့် လုပ်ဆောင်မှု စွမ်းရည်ကို မြှင့်တင်နိုင်အောင်” ရည်ရွယ်ပနာ လေ့ကျင့်စွာလို့ ဆိုပါရေ။

၁၉၇၅ ခုနှစ် နောက်ပိုင်း၊ ပထမဆုံးအကြိမ်အဖြစ် မထင်မှတ်ဘဲ ရုတ်တရက် လုပ်တေ ယင်းစစ်ရေးလေ့ကျင့်မှုမှာ၊ ပြည်တွင်းကာကွယ်ရေးတပ်ဖွဲ့ အရံ တပ်ရင်း ၄၀ လုံး ပါဝင်ပါရေ။ ယင်းချင့်ကို ဂျုန်လ ၆ ရက်နိန့်မှာ ကျရောက်တေ ဆွီဒိန် အမျိုးသားနိမှာ လုပ်ခစွာပါ။

“ကျွန်တော်ရို့ လုပ်ဆောင်ချက်က ဆွီဒိန်နိုင်ငံ စစ်တပ် ကာကွယ်ရေးစနစ်ကို ခိုင်မာလာဇီဖို့နန့်၊ လုပ်ဆောင်မှု စွမ်းရည်ကို မြှင့်တင်ပီးဖို့ ဖြစ်ပါရေ။ ၁၉၇၅ ခုနှစ် နောက်ပိုင်းမှာ မလုပ်ဖြစ်သိမ့်ရေ၊ ကျွန်တော်ရို့ အဖွဲ့အစည်း တဝက်လောက် ရွိလျားလှုပ်ရှားနိုင်မှု အခြေအနေကို စမ်းသပ်ကြည့်စွာလည်း ဖြစ်ပါရေ။” ဆိုပနာ ဗိုလ်ချုပ်ကြီး မိုင်ကဲလ် ဘိုင်ဒန် (Micael Byden) က ပြောလားပါရေ။

ပြည်တွင်းကာကွယ်ရေး တပ်ဖွဲ့ကို ဒုတိယစစ်တပ်အနိန်နန့် ပင်မ စစ်တပ်က ရှိတန်းကို ရောက်နိန်ရေ အချိန်မှာ နောက်တန်းမှာ ကင်းလှည့်ဖို့၊ အရေးကြီးရေ နိန်ရာတိကို ကင်းစောင့်ဖို့၊ အရံသင့်ထားစွာလို့ ဆိုပါရေ။

ဗြီးခရေ မေလထဲမှာလည်း ဆွီဒင်နိုင်ငံမှာ “ပဋိပက္ခဖြစ်ကေ၊ စစ်ဖြစ်ကေ ဇာပိုင်လုပ်ရဖို့လဲ?” ဆိုရေ လက်ကမ်းစာစောင်တခုကိုလည်း၊ “ဇာပိုင် နိန်ရာမှာ ခိုအောင်းရဖို့၊ ဇာပိုင် အစားအစာမျိုးကို သိမ်းထားရဖို့၊ ရီကို ဇာပိုင် သိမ်းထားရဖို့၊ ဇာပိုင် သတင်းမျိုးကို နားထောင်ပနာ ဖြန့်ဝီရဖို့” အစရှိရေ လမ်းညွှန်ချက်တိ အပြည့်အစုံနန့် ပြည်သူတိကို ဖြန့်ဝီခပါရေ။ ယင်းလက်ကမ်းစာစောင်ကို အကြမ်းဖက်တိုက်ခိုက်ခံရရေ အနိန်အထားကနိန်၊ တတိုင်းပြည်လုံး စစ်ထဲ ရောက်နိန်ရေ အနိန်အထားမျိုးမှာထိ သုံးလို့ရအောင် ရည်ရွယ်ထားပါရေ။

ညဇာက ဆွီဒိန်နိုင်ငံ အားလပ်ရက်မှာ၊ ပြည်တွင်းကာကွယ်ရေးတပ်ဖွဲ့ဝင် အရံတပ်သားတိ၊ နိန်ရာတကာမှာ အဆင်သင့် ချထားစွာကို အောက်မှာ တွိနိုင်ပါရေ။

© Lasse Jansson : Försvarsmakten
© Lasse Jansson : Försvarsmakten
© Hampus Hagstedt : Försvarsmakten
© Hampus Hagstedt : Försvarsmakten
© Bezav Mahmod : Försvarsmakten
© Bezav Mahmod : Försvarsmakten

မှတ်ချက် – စင်္ကာပူနိုင်ငံအပါအဝင် နိုင်ငံတချို့မှာ၊ တိုင်းပြည်အတွက် လိုအပ်တေ အချိန်မှာ တိုင်းပြည်ကို ကာကွယ်နိုင်အောင်လို့၊ ပြည်သူပြည်သားတိကို စစ်ရေးလေ့ကျင့်ပီးထားပနာ၊ အရံစစ်သားတိအဖြစ် အမြဲတမ်း အဆင်သင့်ဖြစ်နိန်အောင် လုပ်ထားပါရေ။