ရခိုင်ပြည်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်ရေ ကျောင်း ၂၅ ကျောင်းရှိ

ရခိုင်ပြည်နယ်မှ မူလတန်းကျောင်း တစ်ကျောင်းကို ယခုလ အတွင်းတွေ့ရစဉ်
ရခိုင်ပြည်နယ်မှ မူလတန်းကျောင်း တစ်ကျောင်းကို ယခုလ အတွင်းတွေ့ရစဉ်

၂၀၁၇-၂၀၁၈ စာသင်နှစ်အတွင်း၊ ရခိုင်ပြည်က တက္ကသိုလ်ဝင်တန်းဖြေဆိုကတ်တေ ကျောင်းတိအထဲမှာ၊ ကျောင်းသား တယောက်လည်း မအောင်မြင်ရေ အထက်တန်းကျောင်းပေါင်း၊ ၂၅ ကျောင်းရှိရေလို့ သိရပါရေ။

ရခိုင်ပြည်နယ် ပညာရေးဌာန စီမံနှင့် ကြီးကြပ်ဌာနကို နိရဥ္စရာ သတင်းဌာနက ဆက်သွယ်ရေခါ၊ တက္ကသိုလ်ဝင်တန်း မအောင်မြင်ရေ ကျောင်းပေါင်း ၂၅ ကျောင်းရှိရေလို့၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးနိုင် က အတည်ပြု ပြောကြားပါရေ။

တက္ကသိုလ်ဝင်တန်း မအောင်မြင်ခရေ ကျောင်းတိမှာ မြောက်ဦးမြို့နယ်က ပျားတဲ(ထ-ခွဲ)၊ သင်းကျပ်တော် (ထ-ခွဲ)နန့် တောင်ဦး (ထ-ခွဲ)။ ကျောက်တော်မြို့နယ်က တင်းမ (ထ-ခွဲ)နန့် ခွဆုံ (ထ-ခွဲ)။ ကျောက်ဖြူမြို့နယ်က အဝပြင် (ထ-ခွဲ)၊ မာန်အောင်မြို့နယ်က အိုးဝ (ထ-ခွဲ)နန့် ကိုယ်ပိုင်ကျောင်း အောင်သပြေ။ ဂွမြို့နယ်က စေတီပြင် (ထ-ခွဲ)၊ တောင်ကုတ်မြို့နယ်က ကင်းတောင် (အထက)နန့် ကံဒွေ (ထ-ခွဲ)။ သံတွဲမြို့နယ်က ကွင်းဝိုင်း (ထ-ခွဲ) ရို့ ဖြစ်ကတ်ပါရေ။

ယင်းချင့်အပြင် မြေပုံမြို့နယ်က ဝက်ခေါင်း (ထ-ခွဲ)နန့် ကြက်ရေ (ထ-ခွဲ)။ ဘူးသီးတောင်မြို့နယ်က တက္ကသိုလ်ဝင်တန်း မအောင်မြင်ရေ ကျောင်းတိမှာ ဖောင်တော်ပြင် (ထ-ခွဲ)၊ ညောင်ချောင်း(ထ-ခွဲ)နန့် ဖုံညိုလိပ် (ထ-ခွဲ)တို့ ဖြစ်ကတ်ပါရေ။

မောင်တောမြို့နယ်က တက္ကသိုလ် ဝင်တန်း မအောင်မြင်ရေ ကျောင်းအရေအတွက်မှာ အများဆုံးဖြစ်ပနာ၊ ယင်းကျောင်းတိမှာ အလယ်သံကျော် (အထက)၊ ကြိမ်ချောင်း(အထက)၊ ခမောင်းဆိတ် (အထက)၊ အင်းဒင် (ထ-ခွဲ)၊ ကျီးကန်းပြင်(ထ-ခွဲ)၊ တမန်းသား (ထ-ခွဲ)၊ အောင်သပြေ(ထ-ခွဲ)နန့် ဘဂုဏ (ထ-ခွဲ) တို့ ဖြစ်ကတ်ပါရေ။

“ စုစုပေါင်း ၂၅ ကျောင်းဖြစ်ပါရေ။ အများစု ကျောင်းတိကတော့ အထက်တန်း ကျောင်းခွဲတိ ဖြစ်ကတ်ပါရေ။” လို့ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးနိုင်က ပြောကြားလားပါရေ။

ရခိုင်ပြည်နယ်က ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ ၂၁ ဒသမ ၄၅ ရှိပြီးကေ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ စုစုပေါင်း ၄၀၁၈၀ ဦးရှိပနာ ယင်းအထဲက ၈၆၂၀ ဦးအောင်မြင်ခပါရေ။

ကိုးကား – နိရဉ္စရာ သတင်းဌာန၊ ဇွန် ၅ သတင်းစဉ်