ရခိုင်ပြည်မှာ အထက်တန်းပြဆရာ ၆၀၀ ကျော် လိုအပ်နိန်

နိရဉ္စရာ၊ ဇွန် ၇
နိရဉ္စရာ၊ ဇွန် ၇

ရခိုင်ပြည်မှာ အထက်တန်းပြ ဆရာ ၆၀၀ ကျော် လိုအပ်နိန်ရေလို့ ရခိုင်ပြည်နယ် လက်ထောက်ပညာရေးမှူး ဦးစိန်ထွန်းလှက ပြောပါရေ။

ကနဦး လိုအပ်နိန်ရေ အထက်တန်းပြဆရာတိမှာ ၄၉၇ ဦးဖြစ်ပနာ၊ ယင်းလစ်လပ်နိန်ရာတိအတွက် ၁၈၄ ဦးကိုရာ ခန့်အပ်နိုင်ခရေအတွက် ၃၁၃ ဦး လစ်လပ်နိန်ပါသိမ့်ရေ။ အဂုအခါ အထက်တန်းကျောင်း ၅၀ ကျော်တိုးလာရေအတွက် နောက်ထပ် အထက်တန်းပြဆရာ ၃၆၅ ဦးလိုအပ်နိန်ပနာ၊ စုစုပေါင်း လိုအပ်နိန်ရေ ကျောင်းဆရာ အရေအတွက်မှာ ၆၇၈ ဦးဖြစ်တယ်လို့ လက်ထောက်ပညာရေးမှူးက ပြောဆိုပါရေ။

“ ပထမ ကနဦး လစ်လပ်လိုအပ်နိန်စွာ အထက်တန်းပြ ဆရာ ၄၉၇ ဦးပါ။ ယင်းအထဲမှာ ဘီအီးဒီ ပီးစွာ၊ ဘီအီးဒီ ဒုတိယနှစ်ဖြေထားစွာ၊ အမ်းအေ၊ အမ်းအက်စ်စီ စုစုပေါင်း ၁၈၄ ဦးကို ခန့်နိုင်ခပါရေ။ ယကေလည်း နောက်ထပ် ၃၁၃ ဦး လိုအပ်နိန်ပါသိမ့်ရေ။ အဂုအခါ ရခိုင်ပြည်နယ်မှာ အထက်တန်းကျောင်း ၁၇ ကျောင်း၊ အထကခွဲက ၄၀ ကျောင်းတိုးလာရေအတွက် နောက်ထပ် အထက်တန်းပြဆရာ ၃၆၅ ဦးလိုအပ်နိန်ပါရေ။ နှစ်ခုပေါင်း အထက်တန်းပြဆရာ ၆၇၈ ဦးလိုအပ်နိန်ပါရေ။” လို့ ပြောကြားလားပါရေ။

အထက်တန်းပြဆရာ အဓိက လိုအပ်နိန်ရေ မြို့နယ်တိမှာ မောင်တော၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ မာန်အောင်၊ ဂွ နန့် မြေပုံမြို့နယ်တိ ဖြစ်ပနာ၊ အထက(ခွဲ) တကျောင်းအတွက် ဆရာ ဆရာမ ၇ ဦးစီ လိုအပ်နိန်ရေလို့ သိရပါရေ။

“ အခုပိုင် လိုအပ်နိန်စွာကို ပြည်နယ် အစိုးရကို ပထမ တင်ပြပါမယ်။ အစိုးရ မှတ်ချက်နန့် အခြေခံပညာ ဦးစီးဌာနကို ဆက်တင်ပြလားပါမယ်” လို့ ရခိုင်ပြည်နယ် လက်ထောက်ပညာရေးမှူး ဦးစိန်ထွန်းလှက ဆက်လက် ပြောဆိုပါရေ။

ရခိုင်ပြည်အတွင်း အလယ်တန်း၊ မူလတန်းအတွက်လည်း ဆရာ ဆရာမတိ လိုအပ်နိန်ပါရေ။ ယကေလည်း ရခိုင်ပြည်နယ်အတွင်းမှာ ယင်းအဆင့်အတွက် ပြသနာ မရှိပါ။ အထက်တန်းတိမှာ ဘာသာရပ်အလိုက်၊ သူ့မေဂျာနန့်သူ သင်ပြနိုင်ရေ ဆရာ၊ ဆရာမတိ လိုအပ်နိန်စွာရာ အခက်အခဲတွိစွာ ဖြစ်တေလို့ သူက ပြောကြားပါရေ။

အေနှစ် ရခိုင်ပြည် တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းမှာ၊ ၂၁ ဒသမ ၄၅ ရာခိုင်နှုန်းရာ ရှိပနာ၊ အထက်တန်းကျောင်းတိ အပါအဝင်၊ အထက(ခွဲ) ၂၅ ကျောင်းမှာ၊ တက္ကသိုလ်ဝင်တန်း ကျောင်းသားတယောက်လည်း မအောင်မြင်ခလို့ သိရပါရေ။

ကိုးကား – နိရဉ္စရာ သတင်းဌာန၊ ဇွန် ၇