အိုင်ဖုန်း ထုတ်လုပ်မှု ၂၀% ချော့ချ

© Leonhard Foeger : Reuters
© Leonhard Foeger : Reuters

၂၀၁၈ ခုနှစ်အတွက် အိုင်ဖုန်း (iPhones) တင်ပို့မှုကို၊ အပ်ပါးလ်ကုမ္ပဏီ (Apple) က ၂၀% ချော့ချခိုင်းရေလို့၊ ဂျပန် နေ့စဉ်ငွေကြေး သတင်းစာ နီကီး (Nikkei) က၊ စက်မှုရပ်ကွက်တိက ရရေ ရင်းမြစ်တိကို အခြေခံပနာ တင်ပြလားပါရေ။

အပ်ပါးလ်ကုမ္ပဏီက ပစ္စည်းတင်သွင်းနိန်ရေ ကုမ္ပဏီတိကို၊ အိုင်ဖုန်း မိုဒဲလ် အသစ် ၃ မျိုးအတွက်၊ အယင်နှစ်က ထုတ်တေ ပမာဏထက် ၂၀% ချော့ထုတ်ခိုင်းရေလို့ ဆိုပါရေ။ အဲပ်ပါးလ် ဖုန်းမိုဒဲလ် အသစ်ပေါ်တိုင်း  လိုက်ကိုင်ကတ်တေ ဖောက်သယ်တိ အရေအတွက် နည်းလာလို့လို့ ဆိုပါရေ။

အေသတင်း ထွက်လာရေ နောက်မှာ အပ်ပါးလ်ကုမ္ပဏီ အစုရှယ်ယာ တန်ဖိုး ၂% လောက် ထိုးကျလားပနာ၊ အပ်ပါးလ်ကို ပစ္စည်းသွင်းရေ အေအမ်းအပ်စ် (AMS) နန့် ဒိုင်ယာလော့ဂျ် ဆီမီး (Dialog Semi) ကုမ္ပဏီတိ အစုရှယ်ယာတန်ဖိုးက ၆% နန့် ၄.၂% ထိ ထိုးကျလားပါရေ။

နောက်ဆုံး ထွက်တေ အမေရီကန်ဒေါ်လာ ၁ ထောင်တန် အိုင်ဖုန်း အိက်ဆ် (iPhone X)၊ ရောင်းအားကျနိန်ရေလို့ မီဒီယာတိမှာ တင်ပြကတ်ကေလည်း၊ အပ်ပါးလ်ကုမ္ပဏီတန်ဖိုးကတော့ ဒေါ်လာ ၁ ထရီလီယံ (၁ ထောင် ဘီလီယံ) နားကို တရိပ်ရိပ် တက်လာနိန်တုန်းပါ။