ဇာတက္ကသိုလ် တက်ကေ ကောင်းဖို့လဲ? တက္ကသိုလ်တက်ဖို့ ကျောင်းသား၊ မိဖ လမ်းညွှန်

အယင် ရက်ပိုင်းက ၁၀ တန်း အောင်စရင်း ထွက်တေဆိုခါ၊ စာမေးပွဲအောင်ရေ ညီချေ၊ နှမချေရို့ မကြာခင် တက္ကသိုလ်မှာ ကိုယ်တက်ချင်ရေ ဘာသာရပ် တခုခုကို ရွီးဖို့ လိုလာပါဖို့။ ကိုယ် ဖြစ်ချင်ရေ ဘဝပုံစံက၊ တက္ကသိုလ်က ရလာဖို့ ဘွဲ့နန့် တိုက်ရိုက် ဆက်စပ်နိန်ရေခါ၊ တက္ကသိုလ် ဘာသာရပ် ရွီးချယ်မှုစွာ၊ ဘဝအတွက် အရေးအကြီးဆုံး ဆုံးဖြတ်ချက်တိထဲက တခု ဖြစ်ပါရေ။ ယင်းအတွက်နန့် ဘဝအတွက် ဆုံးဖြတ်ချက်ကို အထောက်အပံ့ ဖြစ်စီဖို့၊ အေလမ်းညွှန်ကို နိုင်ငံတကာလမ်းညွှန်တိကို ကိုးကားပနာ ရွီးထားပါရေ။

ကျောင်းသား၊ ကျောင်းသူတိအတွက် လမ်းညွှန်

ရှောင်ရဖို့ အချက် ၃ ချက်

၁) တခြားလူတိ ဖိအားပီးစွာနန့် ကိုယ့် ရွီးချယ်မှုကို မရွီးပါကဲ့ – ကိုယ်က အိန်ဂျိန်နီယာ ဖြစ်ချင်ရေ၊ မိဖတိက ဆီးတက္ကသိုလ် တက်ခိုင်းရေ။ ရူပဗေဒ တက်ချင်ရေ၊ အင်္ဂလိပ်စာ တက်ခိုင်းရေ။ ဇာဖြစ်ဖြစ် ဘဝခရီးကို လျှောက်ရဖို့စွာက ကိုယ်ပါ။ သူရို့ ရွီးချယ်မှုက ကိုယ့်ဘဝအတွက် မှန်ချင်မှ မှန်ပါဖို့။ ကိုယ့်အနာဂတ်ကို ကိုယ်ကရာ တာဝန်ယူရဖို့ ဖြစ်တေအတွက် ရွီးချယ်မှု မမှားရအောင်၊ စနစ်တကျ သိဗြီးမှ ရွီးချယ်မှုမျိုး ဖြစ်အောင်တော့ခါ လေ့လာရပါဖို့။

၂) သငယ်ချင်း၊ ရည်းစား၊ အသိမိတ်ဆွေတိ လုပ်စွာကို လိုက်ပနာ ကူးမချပါကဲ့ – ဇာဘာသာရပ်ကို ရွီးလို့ ရွီးရမှန်း မသိလို့၊ ကိုယ်သိရေ သငယ်ချင်း၊ ရည်းစား၊ အသိမိတ်ဆွေတိ ယူရေ ဘာသာရပ်ကို အလွယ်တကူ လိုက်ပနာ မရွီးပါကဲ့။ အနည်းဆုံး အေဘာသာရပ်ကို ၄ နှစ် လေ့လာရဖို့ဖြစ်တေအတွက် အချိန်ပီးပနာ စဉ်းစားဖို့၊ ကြိုးစားအားထုတ်ဖို့ လိုပါရေ။

၃) ကိုယ်မကြိုက်တေ ဘာသာရပ်ကို မရွီးမိဇီပါကဲ့ – စရင်းကိုင်တိ လစာကောင်းစွာကို မြင်ဗျာလ်၊ သင်္ချာ ဘာသာကို မပိုင်နိုင်ဘဲ စရင်းအင်းဘာသာရပ် ယူမိခကေ၊ တသက်လုံး မပျော်နိုင်ရေ ရသနန့် ဂိန်လားရပါဖို့။

ဇာဘာသာကို လေ့လာကေ ကောင်းဖို့လဲ၊ မတင်မကျ ဖြစ်ပနာ စိတ်မပူနိန်ပါကဲ့။ ပထမဆုံး သိရဖို့စွာက ကိုယ် တယောက်တည်း ယင်းပိုင် ဖြစ်နိန်စွာ မဟုတ်ပါ။ အေအရွယ် ကျောင်းသားတိ အားလုံး ယင်းပိုင် အနိန်အထားမှာ ရှိနိန်ကတ်ပါရေ။

ကဲ … လုပ်ရဖို့ အချက် ၅ ချက်ကို ပြောပြပါမေ။

၁) ကိုယ် ကြိုက်တေ ဘာသာရပ်တိ အားလုံးကို၊ အမှန်တကယ် စိတ်အဝင်စားဆုံးကနိန် စိတ်ဝင်စားလာဖို့ရာလို့ ထင်ရေ ဘာသာရပ်အထိ၊ စာရွက် တရွက်မှာ တန်းစီပနာ ချရွီးလိုက်ပါ – ကိုယ် ရွီးချယ်ရေ အထဲမှာ၊ တချို့ဘာသာရပ်တိက ကကောင်းကြိုးစားရဖို့ ဖြစ်တေပိုင်၊ တချို့က စိတ်ဖိစီးမှု များဖို့စွာလည်း ပါပါဖို့။ ပျော်ဖို့ကောင်းရေ ဘာသာရပ်တိလည်း ပါနိုင်ပါရေ။ ဘာသာရပ် တခုချင်းစီကို သဲသဲကွဲကွဲ နားလည်အောင် လုပ်ပနာ၊ လိုအပ်ကေ တန်းစီထားရေ စရင်းကို အထက်အောက် ပြန်ပြောင်းပနာ အကြိမ်ကြိမ် တန်းစီပါ။ ကျဘမ်းရွီးလို့ ရလာရေ ဘာသာရပ်ထက်တော့ ပိုကောင်းလာပါဗျာလ်။

၂) ကိုယ် အားသာရေ ဘာသာရပ်တိကို ဆွဲထုတ်လိုက်ပါ – ကိုယ့် အားသာချက်က သင်္ချာမှာ ကောင်းစွာလား၊ ရူပဗေဒမှာ ကောင်းစွာလား၊ ဇီဝမှာ ကောင်းစွာလား သိဖို့ လိုပါရေ။ ကိုယ် ဆွဲထုတ်တေ ဘာသာရပ်တိစွာ ကိုယ့်အားသာချက်ကို အခြေခံထားရေ ဘာသာရပ်တိ ဖြစ်ဖို့ လိုပါရေ။ ဗြီးမှ ကိုယ်တက်ချင်ရေ တက္ကသိုလ်၊ ကိုယ် လုပ်ကိုင်ဖို့ အလုပ်နန့် တထပ်တည်းကျပနာ အောင်မြင်မှုနန့် ပိုပနာ နီးစပ်ပါဖို့။ အမှတ်ပြည့် ရနိန်ရေ ဘာသာရပ်မျိုး ဖြစ်စရာ မလိုပါ။ အဂု စိတ်ဝင်စားပနာ၊ ၄ နှစ် လုံးလုံး စိတ်ဝင်စားဖို့ မလွယ်ရေ ဘာသာရပ်မျိုးလည်း မဖြစ်ပါဇီကဲ့။

၃) အပြင်က ပကတိ အနိန်အထားတိကို လေ့လာပါ – ကိုယ့်စရင်းထဲက ဘာသာရပ်တိကို၊ အယင် တက္ကသိုလ်တိမှာ လေ့လာနိန်ရေ လူတိဘားက စနည်းနာပနာ၊ ဘာသာရပ် တခုချင်းစီအလိုက် အချက်အလက်တိ စုဆောင်းပါ။ သင်နိန်ရေ လူတိ စာ အလွယ်တကူ လိုက်နိုင်ကတ်ယင့်လား။ အောင်ချက် ရာခိုင်နှုန်းက ကောင်းယင့်လား။

၄) တန်းစီထားရေ ဘာသာရပ်တိကို ထပ်ချုံ့ပလိုက်ပါ – ကိုယ်စိတ်ဝင်စားစွာ၊ တက္ကသိုလ် တက်နိန်လူတိဘားက ရလာရေ အချက်အလက်တိကို သိရေခါ၊ ကိုယ် တက္ကသိုလ်မှာ တက်ချင်ရေ ဘာသာရပ်တိကို ၅ ခုကနိန် ၁၀ ခုလောက်ထိ ချုံ့ပလိုက်ပါ။

၅) သုတေသန ထပ်လုပ်ပါ – လေ့လာရဖို့ ဘာသာရပ်တိ အတိုချုံ့စရင်း ရရေခါ၊ ထပ်ပနာ သုတေသန လုပ်ကြည့်ပါ။ ယင်းတက္ကသိုလ်က ရရေ ဘွဲ့ကို ပြည်တွင်း၊ ပြည်ပမှာ ဘလောက် အတိုင်းအတာထိ၊ အသိအမှတ် ပြုကတ်လေ။ အလုပ်ရဖို့ လွယ်ယင့်လား။ ကျောင်းဗြီးရေ လူ ရာခိုင်နှုန်း ဘလောက်က ယင်းဘွဲ့နန့် အလုပ် ရကတ်လေ။ ယင်းဘွဲ့နန့် ဗြီးရေ လူတိ လစာ ဘလောက်ထိ ရကတ်ပနာ၊ ဘလောက်ထိ အောင်မြင်ကတ်လေ။

သုတေသန လုပ်ဗြီးလို့ အားသာချက်၊ အားနည်းချက်တိကို သိဗြီးစွာနန့်၊ အဆင့် ၄ က အတိုချုံ့ထားရေ စရင်းကို ဦးစားပီး လျှောက်သင့်ရေ ဘာသာရပ်အလိုက်၊ ပြန်ပနာ တန်းစီလိုက်ပါ။ အေလောက်ကေတော့ခါ ဇာဘာသာတိကို လျှောက်ရဖို့လဲဆိုစွာ သိဗျာလ်ထင်ပါယင့်။

အောက်မှာ ဇာဖြစ်ချင်ကေ ဇာဘာသာကို လေ့လာရဖို့ဆိုရေ ဇယားကို ထည့်ထားပါရေ။ တခေါက်နားလည်အောင် ဖတ်ကြည့်ပါ။

(ဘာသာ ရွီးချယ်စွာကို နားလည်မှု မလွဲဖို့ အရေးကြီးပါရေ။ အဂင့်ဂင့် အဖြစ်အပျက် တခုကို ပြောပြပါမေ။ “အင်္ဂလိပ်စာပါမေက္ခမ တယောက်မှာ၊ သမီးချေလည်း အင်္ဂလိပ်စာ အထူးပြုနန့် ကျောင်းဗြီးပနာ၊ ရန်ကုန်က နိုင်ငံခြားဘာသာသင် ကျောင်းတကျောင်းမှာ၊ အင်္ဂလိပ်စာ သင်ပြရေ ဆရာမ လုပ်လို့၊ ကကောင်း ဝင်ငွေ ကောင်းပါရေ။ ယကေလည်း အင်္ဂလိပ်စာ ပိုပနာ တိုးတက်ချင်ရေအတွက်၊ စင်္ကာပူနိုင်ငံကို လာပနာ အလုပ် လျှောက်ပါရေ။ အလုပ် အိန်တာဗျူးမှာ အလုပ်ရှင်က “သမီး ဇာကျွမ်းကျင်လေ?” လို့ မိန်းရေခါ၊ ယင်းကလိမ့်မေချေက “အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင်  တတ်ပါရေ။” လို့ ပြန်ပြောပါရေ။ “သမီး၊ အင်္ဂလိပ်စာကို ကောင်းကောင်း ကျွမ်းကျင်မှန်း သိပါရေ။ တခြား ကျွမ်းကျင်စွာ ဇာရှိလေ?” လို့ ပြန်မိန်းရေခါ၊ ယင်းကလိမ့်မေချေ ပြန်မဖြေနိုင်ခပါ။ ယင်းအတွက်နန့် စင်္ကာပူနိုင်ငံမှာ အလုပ် မရနိုင်ဘဲ၊ ရန်ကုန်ကို ပြန်လားရပါရေ။ စင်္ကာပူနိုင်ငံမှာ အင်္ဂလိပ်စကားကို လူတိုင်းနီးပါး ပြောတတ်တေခါ၊ အင်္ဂလိပ်စာ တတ်စွာက ထူးခြားမှု မဟုတ်ပါ။ အင်္ဂလိပ်စာ တတ်စွာ ခုတည်းနန့် အလုပ်ရှာလို့ မရနိုင်ပါ။ ဘာသာစကား မေဂျာတမျိုးမျိုးကို လေ့လာစွာရေ၊ အတတ်ပညာ၊ အသိပညာ တခုကို လေ့လာစွာမျိုး မဟုတ်ဘဲ၊ ဘာသာစကားတခုကို နှိုက်နှိုက်ခြိုက်ခြိုက် လေ့လာစွာမျိုးရာ ဖြစ်တေလို့ အဓိက နားလည်သင့်ပါရေ။ အင်္ဂလိပ်ဘာသာကို ပထမကျွမ်းကျင်ပညာရပ် မဟုတ်ဘဲ၊ ဒုတိယကျွမ်းကျင် ဘာသာရပ်အဖြစ်တော့ လူတိုင်း လေ့လာသင့်ပါရေ။

အောက်က ဇယား ဘယ်ဖက်ခြမ်းမှာ အလုပ်ကဏ္ဍမျိုးစုံနန့် ညာဖက်ခြမ်းမှာ အလုပ်ကဏ္ဍတခုချင်းအလိုက် ဆက်စပ်ပနာ လေ့လာရဖို့ ဘာသာရပ်တိကို ဖော်ပြထားပါရေ။

Career type Degrees to lead you there
Accounting Accounting, maths, economics
Acting Drama, dance, performing arts
Advertising Advertising, business, management, communications, English, marketing, media studies, graphic design, illustration, fine art
Air cabin crew Hospitality management, languages, leisure and tourism, travel
Archaeologist Archaeology, ancient history, geography, history, sociology, Classics
Barrister Law
Broadcast journalist Journalism, business, finance, economics, politics
Building surveyor Economics, geography, languages, mathematics, science, social sciences, urban and land studies
Charity worker Business, management, finance, accounting, languages, computer science, engineering
Dancer Dance, theatre studies
Dentist Dentistry
Dietician Life sciences, human physiology, biochemistry
Digital marketing Advertising, media studies, communications, business, journalism, marketing
Doctor Medicine
Ecologist Life sciences, biology, botany, environmental management, geography, marine biology, zoology
Economist Economics, mathematics
Engineer Engineering (all forms), mathematics, physics
Environmental worker Chemistry, ecology, geology, environmental engineering, geography
Estate agent Business, estate management, property development, surveying, urban and land studies
Events Business, event management, leisure and tourism, marketing
Facilities manager Building management, business studies, construction, hospitality, management, surveying
Farm manager Agriculture, horticulture, land or estate management
Fashion designer Fashion, textiles, graphic design, fashion marketing, art and design
Forensic scientist Biological sciences, chemistry, forensic science
Game developer Animation, computer science, graphic design, mathematics, physics, software engineering
GP Medicine
Graphic designer Film/television, fine art, graphic design, illustration, photography
Health and safety Engineering, environmental health, physical and applied sciences
Heritage Archaeology, education, geography, museum studies, history, marketing
Hotel management Business with languages, business, management, hotel and hospitality, travel, tourism and leisure studies
Human resources Business with languages, business, management, human resources, psychology, sociology
Illustrator Graphic design, illustration, fine art, fashion
Insurance Business, management, economics, marketing, mathematics
Interpreter Linguistics, modern languages, translation and interpreting
IT Business studies, computer science, mathematics, physics, engineering
Magazine/newspaper journalist Journalism, English
Make-up artist Fashion, theatrical and media hair and make-up
Marketing Advertising, business, management, media and communications, IT, computer science, marketing, psychology
Museum curator History, history of art, languages, English literature
Nurse/midwife Nursing, midwifery
Nutrition Dietetics, food, nutrition and health
Office manager Business administration, business management, computing and IT, human resource management
Optician Optometry
Paramedic Paramedic science
Pharmacist Pharmacy, chemistry, biochemistry, biology, biomedical science, pharmacology
Photographer Art and design, fine art, graphics, media studies, photography
Teacher Education, physical and life sciences, humanities, social sciences
Production manager Biochemistry, business, management, chemistry, engineering, food science, physics
Public relations English, creative writing, business, management, marketing, social sciences, politics
Publishing Publishing, media and communications, English
Quantity surveyor Construction, engineering, economics, geography, mathematics
Retail Business
Sales Business, management, marketing, computing, engineering, technology, media studies
Social work Law, politics, social care, social sciences
Solicitor Law
Sports Health science, sports science
Statistician Economics, geography, mathematics, psychology
Theatre Drama, theatre studies, performing arts, music
Tourism Tourism management, marketing, business,  journalism, languages, media studies
Translation Languages, linguistics, English
Vet Veterinary science, biology, zoology
Writer Communication and media studies, creative writing, English, journalism, performing arts

 

မိဖတိအတွက် 

သားသမီးတိ တက္ကသိုလ်တက်ဖို့ စဉ်းစားဆုံးဖြတ်တေ အပိုင်းမှာ၊ မိဖက စဉ်းစားဆုံးဖြတ်ပီးရေ လူတိ မဖြစ်ပါဇီကဲ့။

သားသမီးတိ စဉ်းစားဆုံးဖြတ်စွာမှာ၊ ထည့်သွင်းစဉ်းစားရဖို့ အချက်အလက်တိကို အထောက်အပံ့ ပီးရေ၊ အားပီးအားမြှောက်ပီးရေ၊ အကြံဉာဏ်ပီးရေ၊ လိုက်လံ ဆောင်ရွက်ပီးရေ မိဖတိ နိန်ရာကရာ အမြဲတမ်း ရှိနိန်ပါ။

တက္ကသိုလ်ပညာရေးပုံစံနန့် အလုပ်စျီးကွက် လုပ်ခလစာ အနိန်အထားတိစွာ၊ အဆက်မပြတ် ပြောင်းလဲနိန်ပါရေ။

ကိုယ်ရို့ ဆုံးဖြတ်ချက်ကြောင့် မသာမယာရေ ဘဝခရီးလမ်းကို၊ အချေတိ ဆုံးခန်းတိုင် လျှောက်ရဖို့ အဖြစ်မျိုး ရောက်လားအောင် လုပ်တေ၊ အပြစ်ကျူးလွန်ရေ မိဖတိ အဖြစ်မခံပါကဲ့။

မိဖတိက သားသမီးတိအတွက် ထည့်သွင်းစဉ်းစားပီးရဖို့ အချက်တိက –

၁) ယင်းသူ ဇာကို ထူးထူးခြားခြား စိတ်ဝင်စားတတ်လေ?

၂) ယင်းသူ့မှာ ဖြစ်ချင်စွာ တိတိကျကျ ရှိနိန်ယင့်လား?

၃) ကိုယ့်အိမ်နန့် အနီးအနားမှာ လေ့လာချင်စွာလား? မြို့ကြီး ပြကြီးကို လားပနာ လေ့လာနိန်ချင်စွာလား?

၄) အိမ်က တက်ချင်စွာလား? အဆောင်နိန်ပနာ တက်ချင်စွာလား?

၅) ယင်းသူ တက်ချင်ရေ ဘာသာရပ်က လေ့လာဖို့ လွယ်ကူယင့်လား?

၆) ကိုယ် ထောက်ပံ့နိုင်ရေ ငွေကြေးနန့် ယင်းဘာသာရပ်ကို သင်ဖို့၊ တက္ကသိုလ်ဗြီးဖို့ လွယ်ကူယင့်လား?

၇) ယင်းဘာသာရပ်နန့် ကျောင်းဗြီးလားကေ၊ အလုပ်ရှင်တိက အသိအမှတ်ပြုပနာ၊ အလုပ်ရ လွယ်ကတ်ယင့်လား?

 

အင်္ဂလန်နိုင်ငံမှာ တက္ကသိုလ်ဗြီးလို့ ၅ နှစ် အကြာမှာ၊ ဘာသာရပ်အလိုက် တနှစ်ဝင်ငွေ ပြပုံ

၂၀၁၀ နန့် ၂၀၂၀ ခုနှစ်တိကြား အလုပ်ခန့်အပ်မှု ပြောင်းလဲလာဖို့ ပုံ

၂၀၁၆ ကနိန် ၂၀၂၆ ခုနှစ်အတွင်းမှာ အလုပ်ကဏ္ဍအလိုက် ကြီးလာဖို့ ခန့်မှန်းရေ ရာခိုင်နှုန်းပြပုံ