စင်္ကာပူ ဆွေးနွေးမှု အောင်မြင်လို့ ထရုန့်ပ် – ကင် သမိုင်းဝင် လက်မှတ်ထိုး

© Jonathan Ernst : Reuters
© Jonathan Ernst : Reuters

စင်္ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် တွိဆုံရေ၊ မျက်နှာချင်းဆိုင် ဆွေးနွေးပွဲ အောင်မြင်လားလို့၊ အမေရီကန်ပြည်ထောင်စုသမ္မတ ဒိုနဲဒ်  ထရုန့်ပ် နန့် မြောက်ကိုးရီးယားဂေါင်းဆောင် ကင် ဂျွင်အင်း ရို့၊ သမိုင်းဝင် လက်မှတ်ရွီးထိုးကတ်ပါရေ။

ဇာတိကို သဘောတူ လက်မှတ် ရွီးထိုးကတ်တေဆိုစွာတော့ခါ၊ လူထုကို မကြေငြာသိမ့်ပါ။ အေနိန့် သတင်းစာ ရှင်းလင်းပွဲ လုပ်ခါ၊ ရှင်းပြလားဖို့လို့ ထရုန့်ပ် က ပြောပါရေ။

“ကျွန်တော်ရို့ အထူး ပေါင်းကူးဆက်ဆံရေး တခုကို လုပ်လိုက်ပါဗျာလ်။” လို့ ကင် ဘေးနားမှာ ထိုင်နိန်ရေ ထရုန့်ပ် က ပြောလိုက်ပါရေ။

“အေနိန့် ကျွန်တော်ရို့ သမိုင်းဝင် ဆွေးနွေးမှု တခုကို လုပ်လိုက်ကတ်ပနာ၊ အတိတ်ကို နောက်မှာ ထားခကတ်ဖို့ ဆုံးဖြတ်ခကတ်ပါရေ။ အဂု သမိုင်းဝင် သဘောတူညီမှုကို လက်မှတ် ရွီးထိုးလားကတ်ပါဖို့။ တကဗာလုံးက ပြောင်းလဲမှုကြီး တခုကို တွိကတ်ပါလိမ့်မေ။” လို့ ကင် ကလည်း ပြောပြပါရေ။

သမိုင်းဝင် လက်မှတ် ရွီးထိုးမှု အပြီးမှာ “ကိုးရီးယားကျွန်းဆွယ်မှာ အယင်ကနန့် လုံးဝ မတူရေ ပြောင်းလဲမှုကြီး တခုကို တွိရပါဖို့ဗျာလ်။” လို့ ဒိုနဲဒ် ထရုန့်ပ် က ပြောလားပါရေ။

တောင်ကိုးရီးယားနိုင်ငံ ယွင်ဟပ် (Yonhap) သတင်းမှာတော့ခါ သဘောတူကတ်တေ အောက်က အချက် ၄ ချက်ကို ဖော်ပြထားပါရေ။ ယင်း ၄ ချက်မှာ ၁) နှစ်ဖက်နိုင်ငံ ပြည်သူတိ ဆန္ဒအရ၊ ငြိမ်းချမ်းရေးနန့် ကြွယ်ဝချမ်းသာမှုအတွက် အမေရီကန်ပြည်ထောင်စု – ဒီမိုကရစ်တဲ့ ပြည်သူ့သမ္မတကိုးရီးယားနိုင်ငံ ကြားမှာ ဆက်ဆံရေး အသစ် တည်ဆောက်ဖို့၊ ၂) ကိုးရီးယားကျွန်းဆွယ်မှာ တည်ငြိမ်အီးချမ်းရေ ငြိမ်းချမ်းရေးကို တည်ဆောက်လားဖို့၊ ၃) ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၇ မှာ ကြေငြာခရေ နြူးကလီးယားစွန့်လွတ်ရေးကို  ဒီမိုကရစ်တဲ့ ပြည်သူ့သမ္မတကိုးရီးယားနိုင်ငံက ထပ်ပနာ အာမခံဖို့၊ ၄) စစ်သုံ့ပန့်တိနန့် ရုပ်ကြွင်းတိကို ပြန်လဲလှယ်ကတ်ဖို့လို့ ဖြစ်ပါရေ။

1. The United States and the DPRK commit to establish new U.S.-DPRK relations in accordance with the desire of the peoples of the two countries for peace and prosperity.

2. The United States and the DPRK will join their efforts to build a lasting and stable peace regime on the Korean Peninsula.

3. Reaffirming the April 27, 2018 Panmunjom Declaration, the DPRK commits to work towards complete denuclearization of the Korean Peninsula.

4. The United States and the DPRK commit to recovering POW/MIA remains, including the immediate repatriation of those already identified.

မှတ်ချက် – အဂု သတင်းစာ ရှင်းလင်းပွဲ လုပ်နိန်ပါဗျာလ်။