မီးခိုးထွက်စွာကို လိမ်ရေအတွက် ဗော့စ်ဝပ်ဂင်ကားကုမ္ပဏီကို ဂျာမန်အစိုးရ ဒေါ်လာ ၁.၈ ဘီလီယံ ဒဏ်ရိုက်

© Axel Schmidt : Reuters
© Axel Schmidt : Reuters

ဗော့စ်ဝပ်ဂင် (Volkswagen) ထုတ်၊ ဒီဇယ်ကားတိ မီးခိုးထွက်စွာကို လိမ်ရေအတွက်၊ ဂျာမန်အစိုးရက ယူရို ၁ ဘီလီယံကျော် ဒဏ်ရိုက်တေလို့၊ အစိုးရတာဝန်ရှိရေ လူတိက ကြေငြာပါရေ။ ဗော့စ်ဝပ်ဂင် ကုမ္ပဏီက အသနားခံစာ မတင်ဗျာလ်လို့ ဆိုပါရေ။ ဘာလင်အစိုးရ ဒဏ်ရိုက်တေ အေပမာဏစွာ ဂျာမဏီနိုင်ငံမှာ အများဆုံး ပမာဏပါ။

အေ ယူရို ၁ ဘီလီယံ (အမေရီကန်ဒေါ်လာ ၁.၈ ဘီလီယံ) ဒဏ်ရိုက်စွာကို ဂျာမဏီနိုင်ငံ ဘရင်ဆ်ဝိဂျ်မြို့ (Braunschweig) က အစိုးရအရေးပိုင်ရုံးက အမိန့်ထုတ်စွာပါ။ ၂၀၁၅ ခုနှစ်မှာ၊ အမေရီကန်ပြည်ထောင်စုက သဘာဝပတ်ဝန်းကျင် လီထုညစ်ညမ်းမှု စစ်ဆေးစွာတိကို ကာကွယ်ဖို့အတွက်၊ ဗော့စ်ဝပ်ဂင်ထုတ် ဒီဇယ်ကားတိမှာ၊ စစ်ဆေးနိန်ချိန် မီးခိုးထွက်စွာကို ကွင်ပျူတာ ဆော့ဖ်ဝဲယား (software) နန့်၊ တနားချေ ထိန်းထားနိုင်အောင် လုပ်ထားရေ၊ လိမ်လည်မှု ပေါ်ပေါက်ခရေအတွက်၊ ဒဏ်ရိုက်ခံရရေ အမှုတိ အများကြီးအထဲက နောက်ဆုံးပေါ်အမှုပါ။ ယင်းထိန်းထားရေ မီးခိုးတိစွာ လမ်းထက်မှာ ပုံမှန်မောင်းနိန်ရေ အချိန်မှာ အပြင်ကို ပြန်ထွက်လားပါရေ။

ယင်းမီးခိုးကို တနားချေ ချုပ်ထိန်းထားနိုင်ရေ ဆော့ဖ်ဝဲယားကို ၂၀၀၇ ကနိန် ၂၀၁၅ ခုနှစ်ထုတ် ဗော့စ်ဝပ်ဂင်ကား အစီးရေ ၁၀.၇ သန်းမှာ ထည်းသွင်းထားခပါရေ။ အမေရီကန်ပြည်ထောင်စုမှာလည်း အမေရီကန်ဒေါ်လာ ဘီလီယံ ၂၀ ဒဏ်ရိုက်ခံရဗြီးပါဗျာလ်။ နောက် ဗော့ဆ်ဝပ်ဂင် ထုတ် ဇိမ်ခံကား အောက်ဒီ (Audi) ကားတိကိုလည်း အေအမှုအတွက် စစ်ဆေးနိန်ပါသိမ့်ရေ။