သြစတြာလီးယန်း စစ်သားတိ အာဖဂန်နဲ့ဆ်တန်နိုင်ငံမှာ နာဇီအလံ လွင့်လားနီရေ ဓါတ်ပုံ ထွက်လာ

FILE PHOTO © Omar Sobhani : Reuters
FILE PHOTO © Omar Sobhani : Reuters

အာဖဂန်နဲ့ဆ်တန်နိုင်ငံမှာ၊ သြစတြာလီးယန်း စစ်ကား တစီးက၊ နာဇီအလံ ဆဝါဆ်တီကာ (swastika) လွင့်ထူပနာ လားနိန်ရေ ဓါတ်ပုံ ၁ ပုံ၊ ထွက်လာရေအတွက်၊ သြစတြာလီးယန်း ဝန်ကြီးချုပ်နန့် ဂျူးအသိုင်းအဝိုင်းတိက ကကောင်း ရှုတ်ချဝေဖန်ကတ်ပါရေ။

ယင်းအဖြစ်အပျက်က ၂၀၀၇ ခုနှစ် အာဖဂန်နဲ့ဆ်တန်နိုင်ငံမှာ နေတိုးစစ်တပ် (NATO-force) ချထားခခါ၊ ဖြစ်ခရေ အဖြစ်အပျက်တခုလို့ ဆိုပါရေ။ ယင်းဓါတ်ပုံကို စစ်သားအချင်းချင်းကြားမှာ ဖလှယ်နိန်ကတ်စွာက၊ မထင်မှတ်ဘဲ တွိလိုက်ရစွာလို့ အေဘီစီ (ABC) သတင်းဌာနက ဆိုပါရေ။

အေဟင့်စွာ ခေတ်သစ်နာဇီဝါဒကို ထုတ်ဖော်စွာ မဟုတ်ဘဲ၊ အပျော်အပျက် လုပ်ကတ်စွာလို့ရာ စစ်တပ်အရာရှိတယောက်က ဆိုပါရေ။ ယကေလည်း သြစတြီးလီးယားနိုင်ငံ ဝန်ကြီးချုပ် မာလ်ကင်း တင်းဘူးလ် (Malcolm Turnbull) ကတော့ အေအမြင်ကို “တခုပိုင်လည်း လုံးဝ လက်ခံနိုင်စရာ မရှိ။” လို့ ဆိုပနာ “ယင်းအထဲမှာ ပါရေ စစ်သားတိကို စစ်စည်းကမ်းပိုင်းအရ အရေးယူလားဖို့။” လို့ ဆိုပါရေ။

“လူ့သမိုင်းမှာ မကောင်းဆိုးဝါးသင်္ကေတ၊ နာဇီအလံကို လွင့်ထူပနာ လားနိန်စွာက၊ ဟစ်တလာကို အသက်အသီခံပနာ တိုက်ခကတ်တေ စစ်သားတိ မျက်နှာကို လက်သီးနန့် ထိုးပလိုက်စွာနန့် တူရေ။” လို့ နာမေပျက် တားဆီးရေးကော်မရှန် (Anti-Defamation Commission) ဥက္ကဌ ဒီဗာ အဘရာမိုဗဲ့ချ် (Dvir Abramovich) က ဆိုပါရေ။

အေလ အစောပိုင်းကလည်း၊ ဖဲယားဖတ်စျ် မီဒီယာ Fairfax Media က ထုတ်တေ လျှို့ဝှက်စစ်သတင်းတခုမှာ၊ သြစတြီးလီးယန်းစစ်သားတိစွာ၊ လူ့ ဂုဏ်သိက္ခာကို မငဲ့ညှာဘဲ၊ မညှာမတာ ကြကြမ်းတတမ်းနန့် ကိုယ်ထိလက်ရောက် ပြုကျင့်ရေ စစ်ရာဇဝတ်မှုတိ ကျူးလွန်ခရေလို့ တင်ပြထားပါရေ။