ငဖဲမြို့နယ် စပ်စီရွာအနားမှာ ကားလမ်းပြိုကျလို့ ရခိုင်ပြည်ကို လားရေ ကားတိ ပိတ်မိနိန်

နိရဉ္စရာ၊ ဇွန် ၁၅
နိရဉ္စရာ၊ ဇွန် ၁၅

နိရဉ္စရာ၊ ဇွန် ၁၅

မကွေးတိုင်း ငဖဲမြို့နယ် စပ်စီရွာအနားမှာ ကျောက်ပုံပြိုကျပနာ၊ ယင်းနားမှာ ကားတစီး မြေထဲနစ်နိန်လို့၊ ရခိုင်ပြည်ကို လားရေ ကားတိ ဆက်လားလို့ မရဘဲ၊ ပိတ်မိနိန်ရေလို့ သတင်းရရှိပါရေ။

ဘတ်စ်ကား တစီးက ခရီးလားတယောက်က “ ညဇာက ညဉ့် ၁၀ နာရီလောက်ကပင်၊ ပိတ်နိန်စွာပါ။ အေနိ မိုးသောက် ၇ နာရီလောက်ထိ လားလို့ မရသိမ့်ပါ။ တညဉ့်လုံး ကားထက်မှာ အိပ်ရပါရေ။” လို့ ပြောပါရေ။

နိရဉ္စရာ၊ ဇွန် ၁၅
နိရဉ္စရာ၊ ဇွန် ၁၅

အဂုအခါ မြေထဲနစ်နိန်ရေ ကားကို ဘတ်ဟိုးနန့် ဆွဲထုတ်နိန်ပနာ၊ မကြာခင် ကားကို ဆွဲထုတ်လို့ ရနိုင်ရေလို့ ယင်းလူက ပြောပါရေ။

ကားလမ်းပိတ်နိန်လို့ ရခိုင်ပြည်ကို လာရေ ကားတိနန့်၊ ရခိုင်ပြည်က ရန်ကုန်၊ မန္တလေးကို လားရေ ကားအရေအတွက် ရာနန့်ချီပနာ ပိတ်မိနိန်ပနာ၊ ခရီးလားပြည်သူတိ အထူး ဒုက္ခရောက်နိန်ကတ်တေလို့ သတင်းရရှိပါရေ။

 

ကိုးကား – နိရဉ္စရာသတင်းဌာန၊ ဇွန် ၁၅ ရက်သတင်း