ကဗာကြီးမှာ သဲတိ ရှားပါးလာနီ၊ မှောင်ခိုစျီးကွက် ရောင်းကုန်ဖြစ်လာ

© Shamil Zhumatov : Reuters
© Shamil Zhumatov : Reuters

ကဗာကြီးမှာ သဲတိ တဖြည်းဖြည်း ရှားပါးလာရေအတွက်၊ မြစ်ချောင်းတိ၊ ကမ်းခြေတိက သဲတိကို၊ မှောင်ခိုဂိုဏ်းတိ မှောင်ခိုစျီးကွက်ထဲ ခိုးရောင်းအောင် တွန်းပို့ပီးနိန်စွာနန့် တူရေလို့ သိပ္ပံပညာရှင်တိက သတိပီးလိုက်ပါရေ။

ကဗာတဝှမ်း တနှစ်တနှစ်ကို သဲ သုံးနိန်ကတ်စွာ တန်ချိန်ပေါင်း ၅၀ ဘီလီယံ (သန်း ၅ သောင်း) လောက် ရှိနိန်ပနာ၊ အမှန်တကယ် မြစ်ချောင်းတိ သဲထုတ်နှုန်းက ယင်းအသုံးပြုနိန်ကတ်စွာ တဝက်ရာ ရှိရေလို့ ဆိုပါရေ။

“သဲစွာ မော်ဒန် လူနိန်မှု ဘဝ ဖြစ်ဖို့၊ မရှိမဖြစ် လိုအပ်တေ ပစ္စည်းတခု ဖြစ်ပါရေ။ ယင်းချင့်စွာ အဂု ကုန်ခါနီး ဖြစ်လာပါဗျာလ်။” လို့ ဂျာနယ်သမားနန့် စာရွီးဆရာ ဗိန့်ဆ် ဘိုင်ဆာ (Vince Beiser) က စီးပွားရေးအတွင်းသတင်း (Business Insider) ကို ပြောပြပါရေ။ “အေချင့်စွာ တိုးတက်နိန်ရေ နိုင်ငံတိမှာ၊ မြို့ကြီးတိ တစတစ ကြီးထွားလာနိန်စွာနန့် ဆိုင်ပါရေ။”

“တဗာကြီးမှာ တနှစ်ထက်တနှစ် လူတိ ပိုလာရေပိုင်၊ မြို့ကြီးပြကြီးတိကို ပြောင်းလာရေ လူတိလည်း၊ တနှစ်ထက်တနှစ်၊ ပိုပို များလာပါရေ။ ၁၉၅၀ ခုနှစ်မှာ မြို့ကြီးတိမှာ နိန်ရေ လူဦးရေစွာ၊ ၇၄၆ သန်း ရှိခစွာကနိန်၊ အဂု သန်း ၃၉၀၀ ကို ရောက်နိန်ပါဗျာလ်။” လို့ သူက ဆိုပါရေ။

ဆောက်လုပ်ရေးလုပ်ငန်းသုံး ကျောက်သဲ လိုအပ်ချက်စွာ  တနှစ်တနှစ်ကို ၅.၂% တိုးလိုနိန်ပနာ၊ ၂၀၁၉ ခုနှစ် အရောက်မှာ သဲ လိုအပ်ချက်စွာ တန်ချိန်ပေါင်း ၅၁.၇ ဘီလီယံ (သန်း ၅၁၇၀၀) ရှိဖို့လို့ ဖြီးဒိုနီးယားအုပ်စု (Freedonia Group) သုတေသီအဖွဲ့က  ဆိုပါရေ။  တဂု သဲစျီးကွက် တန်ဖိုးစွာ၊ တနှစ်ကို အမေရီကန်ဒေါ်လာ ၇၀ ဘီလီယံ (သန်း ၇ သောင်း) ထိ ရှိနိန်ဗျာလ်လို့ ဆိုပါရေ။

၂၀၀၈ ခုနှစ်က စပနာ၊ ကမ်းခြေတိစွာ မီတာ ၄၀ လောက် ကျုံ့လာရေလို့ ဆိုပါရေ။ သက္ကရာဇ် ၂၁၀၀ ရောက်ကေ ကာလီဖိုးနီးယားတောင်ပိုင်း ကမ်းခြေတိ လုံးဝ ပျောက်လားဖို့လို့ ဆိုပါရေ။

၂၀ ရာစုမှာ အမေရီကန်ပြည်ထောင်စု ဖြစ်ခရေပိုင်၊ အေနှစ်တိမှာ တရုတ်ပြည်လည်း သဲကို အလွန်အကျွံ လိုအပ်လာနိန်ရေလို့ ဆိုပါရေ။ အိန္ဒိယနိုင်ငံမှာဆိုကေ သဲကို မှောင်ခိုဂိုဏ်းတိက အုပ်စုဖွဲ့ပနာ မှောင်ခိုစျီးကွက်တိကို ရောင်းနိန်ကတ်ဗျာလ်လို့ ဆိုပါရေ။ အိန္ဒိယနိုင်ငံက အကြီးဆုံး သဲ မာဖီးယားဂိုဏ်း (Sand Mafia) မှာ မြစ်ချောင်းတိမှာ သဲငုပ်တေ လူပေါင်း ၇၅၀၀ ရှိရေလို့ ဆိုပါရေ။ လူတယောက် တရက်ကို ၁၂ နာရီ အလုပ် လုပ်ရပနာ၊ တရက်ကို အကြိမ် ၂၀၀ လောက်  ရီငုပ်ရရေလို့ ဆိုပါရေ။ ဘုတ်တစီး အပြည့်ကို ၁၅ ဒေါ်လာ လောက် ဖေသာရရေလို့ ဆိုပါရေ။

“နောက်နှစ် ၂၀ အတွင်းမှာ ကဗာကြီးမှာ လူဦးရေ သန်း ၉ ထောင် ဖြစ်လာပါဖို့။ အေလူတိ အားလုံးရာ အနောက်နိုင်ငံက လူတိပိုင် သဘာဝအရင်းအမြစ်တိကို သုံးစွဲချင်ကတ်ဖို့ဆိုကေ၊ ယင်းပိုင် သုံးစွဲဖို့ ရုပ်ဝတ္ထုပိုင်းအရ လုံးဝကို မဖြစ်နိုင်ပါ။” လို့ ဘိုင်ဆာ က ပြောလားပါရေ။