အေနိ လူငယ်တိ ဦးနှောက် အရည်အသွေး၊ အိုင်ကျူ IQ ကျဆင်းနိန်စွာကို သုတေသနမှာတွိ

© Mladen ANTONOV : AFP
© Mladen ANTONOV : AFP

ဒုတိယကဗာစစ်နောက်ပိုင်း လူငယ်တိ အသိဉာဏ် မြင့်တက်လာစွာရေ၊ အဂု လူငယ်တိ လက်ထက်ကို ရောက်တေခါ၊ ပြန်ပနာ ကျဆင်းလားရေလို့၊ နော်ဝေးလူမျိုး သိပ္ပံပညာရှင်တိ (Norwegian scientists) လေ့လာမှု တခုမှာ တွိလိုက်ရပါရေ။

ဒုတိယကဗာစစ်နောက်ပိုင်းမှာ လူငယ်တိ အသိဉာဏ် တရိပ်ရိပ်တိုးတက်လာပနာ၊ ၁၀ နှစ်ကို ပျမ်းမျှ အိုင်ကျူ ရမှတ် (IQ score) ၃ မှတ်လောက်စီ တက်လာရေလို့၊ နယူးဇီလန်နိုင်ငံသား ဦးနှောက်အရည်အသွေး သုတေသီ ဂျိမ်းစ် ဖလိန်း (James Flynn) နာမေကို အဖျားဆွတ်ခေါ်ရေ၊ ဖလိန်း အကျိုးသက်ရောက်မှု (Flynn effect) က ဆိုပါရေ။

နော်ဝေးနိုင်ငံ အိုဆလိုမြို့ (Oslo) က၊ စီးပွားရေး သုတေသနအတွက် ရတ်ဂျ်နာ ဖြိစ် ဗဟိုဌာန (Ragnar Frisch Centre for Economic Research) သုတေသီတိက၊ အဂု ဖလိန်း အကျိုးသက်ရောက်မှု အမြင့်ဆုံးအမှတ်ကို ရောက်ခပနာ ကျဆင်းလားဗျာလ်လို့၊ ပီအန်အေအပ်စ် ဂျာနယ် (PNAS journal) မှာ ဖော်ပြထားပါရေ။ အမျိုးသားရေးရာအတွက် ၁၉၆၂ ခုနှစ်ကနိန် ၁၉၉၁ ခုနှစ်ကြားမှာ မွီးရေ၊ လူပေါင်း ၇ သိန်း ၃ သောင်းကို အိုင်ကျူ စစ်ဆေး ကြည့်စွာမှာ၊ အိုင်ကျူ အမြင့်ဆုံး အမှတ်ကို ၁၉၇၅ ခုနှစ်မှာ မွီးရေ လူတိမှာ တွိရပနာ၊ ၁၉၉၁ ခုနှစ်မှာ မွီးရေ လူတိစွာ ယင်းလူတိထက် အိုင်ကျူ ၅ မှတ် အောက်ရောက်လားရေလို့ နော်ဝေဂျီယန် သုတေသီ အိုလီ ရိုဂျ်ဘာ့ဂျ် (Ole Rogeberg) နန့် ဘြန့် ဘြတ်စ်ဘာ့ဂျ် (Bernt Bratsberg) က ဆိုပါရေ။

အေပိုင် ကျဆင်းလားရရေ အကြောင်းရင်း အများကြီး ရှိနိုင်ပနာ၊ အချေတိကို မွီးစပ်ပုံ၊ ပညာသင်ပီးပုံတိ ပြောင်းလဲလာစွာတိလည်း ပါရေလို့ ဆိုပါရေ။ ဥပမာ – သင်္ချာနန့် ဘာသာစကားတိကို လေးလေးနက်နက် လေ့လာမှု နည်းလာပနာ၊ တီဗီ နန့် အခြား နည်းပညာပိုင်း စက်ကရိယာတိနန့် အချိန်ကုန်စွာ များလာလို့ ဖြစ်တေလို့ ဆိုပါရေ။

ယကေလည်း ဒေါက်တာ အိုလီ ရိုဂျ်ဘာ့ဂျ် က အဂု လူငယ်တိ အိုင်ကျူ အဆင့်အတန်း နိမ့်ကျလားစွာကို၊ မှတ်ဉာဏ် တုံးလားရေလို့ မမှတ်ယူသင့်လို့ ဆိုပါရေ။ အဂုသုတေသနမှာ၊ လက်ရှိ ဒီဂျစ်တယ် ကရိယာတိကို၊ လူငယ်တိ သင်ယူနိုင်ပုံကို၊ တိုင်းတာစွာတိ မပါလို့ ဆိုပါရေ။

“မှတ်ဉာဏ်သုတေသီတိက အရည်မှတ်ဉာဏ်နန့် ပုံဆောင်ခဲမှတ်ဉာဏ်ကို ခွဲခြားနိုင်ခပါရေ။ ပုံဆောင်ခဲမှတ်ဉာဏ်က သင်ပြခံရမှုနန့် လေ့ကျင့်ခံရမှုကို မှတ်သားရေ မှတ်ဉာဏ်မျိုးပါ။ အရည်မှတ်ဉာဏ်ကတော့ ပုံပန်းသဏ္ဍန်တိနန့် နိတဓူဝပြဿနာတိကို ချင့်ချိန်ဆုံးဖြတ်နိုင်ရေ မှတ်ဉာဏ်မျိုးပါ။”