နိုင်ငံထဲ ခိုးဝင်လာဖို့ ကူညီရေ လူတိကို အပြစ်ပီးဖို့ “ဆိုးရို့စ်ကို ရပ်” ဥပဒေ ဟင်ဂေရီမှာ ပြဌာန်း

Hungarian government poster saying
Hungarian government poster saying "Don't let George Soros have the last laugh," seen at a Budapest subway stop last year © Laszlo Balogh / Reuters

ဒုက္ခသည်အဖြစ် နိုင်ငံထဲ ခိုးဝင်လာအောင် ကူညီပီးရေ အသူ့ကိုမဆို၊ ထောင်ချပနာ ပြစ်ဒဏ်ပီးနိုင်ရေ  ဥပဒေတခုကို၊ ဟန်ဂေရီလွှတ်တော်က အတည်ပြုလိုက်ပါရေ။ ယင်းဥပဒေကို ဟင်ဂေရီနိုင်ငံမှာ မွီးပနာ၊ ကဗာမှာ နယ်စပ်မဲ့တိ (open-borders) ဖြစ်လာဖို့အတွက် ကြိုးပမ်းနိန်ရေ၊ ဘီလီယံနာ သဌေးကြီး ဂျော့ချ် ဆိုးရို့စ် (George Soros) ကို အစွဲပြုပနာ၊ ဆိုးရို့စ်ကို ရပ် ဥပဒေ (Stop Soros law) လို့ နာမေပီးထားပါရေ။

ညဇာက ယင်းဥပဒေကို ဟင်ဂေရီလွှတ်တော်မှာ အတည်ပြုလိုက်ပါရေ။ ယင်းဥပဒေအရ နိုင်ငံတွင်းမှာ ဒုက္ခသည်ခံဖို့အတွက် လုပ်ရဖို့ နည်းလမ်းတိပီးစွာ ဖြစ်စီ (ဝါ) ငွေကြေး၊ ပစ္စည်း ထောက်ပံ့ပီးစွာ ဖြစ်စီ၊ လုပ်တေ လူကို ထောင် ၁၂ လ ချထားနိုင်ပါရေ။ ဒုက္ခသည်တိအတွက် အလုပ် လုပ်ပီးရေ အန်ဂျီအိုအဖွဲ့တိလည်း၊ လိုင်စင်တိ ရဖို့ လိုလာပါရေ။

ဗြီးခရေ ဧပြီလကလည်း ဆိုးရို့စ် ထောင်ထားရေ ပွင့်လင်းလူ့အဖွဲ့အစည်းတိ (Open Society Foundations) ကို ဟင်ဂေရီနိုင်ငံထဲက နင်ထုတ်ပလိုက်ပနာ၊ ၂၀၁၅ ခုနှစ်မှာ ဒုက္ခသည်တိ ဝင်လာရေ ဆားဗီးယားနိုင်ငံ နယ်စပ်တလျှောက်မှာ ၁၁၀ မိုင် ရှည်ရေ ခြံစည်းရိုး ၂ ထပ်ကို ဟင်ဂေရီနိုင်ငံက ကာဖူးပါရေ။

အဂု ဟင်ဂေရီနိုင်ငံစွာ ၁ ရက်ကို ဒုက္ခသည် ၂ ယောက်ရာ လက်ခံပါရေ။ ယင်းလူအများစုလည်း ဒုက္ခသည်ရလို့ မကြာခင်၊ သြစတြီးယားနိုင်ငံနန့် ဂျာမဏီနိုင်ငံတိ ဖက်ကို ထွက်လားကတ်တေလို့ ဆိုပါရေ။