Huawei နန့် တွဲစွာကို တရုတ်အတွက် အလုပ်လုပ်တေလို့ Google ကို အမေရီကန်အစိုးရ စွပ်စွဲ

© Philippe Wojazer / Reuters
© Philippe Wojazer / Reuters

ဂိုဂဲလ်(Google)နန့် တရုတ်နိုင်ငံက မိုဘိုင်းဖုန်းကုမ္ပဏီ ဝါဝေ(Huawei)ရို့ “ဗျူဟာ အဖော်”(strategic partnership) ဖွဲ့ထားစွာကို၊ “အမေရီကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေးနန့် အမေရီကန် သုံးစွဲသူတိအတွက် အန္တရာယ်အများကြီး ရှိနိုင်ရေ” လို့ အမေရီကန် ဥပဒပြုအမတ်တိက ဂိုဂဲလ်ကို စွပ်စွဲလိုက်ပါရေ။

ဝါဝေစွာ ကဗာ့တတိယအကြီးဆုံး မိုဘိုင်းဖုန်းကုမ္ပဏီ ဖြစ်ပနာ၊ ဝါဝေထုတ် ဆမာ့တ်ဖုန်းတိမှာ ဂိုဂဲလ်ထုတ် အန်းဒြွိုင်းဒ်(Android) စနစ်နန့် အလုပ်လုပ်ပါရေ။ မိုဘိုင်းဖုန်းသတင်းတို စံတခုဖြစ်လာဖို့အတွက်၊ အပေါင်းအဖော်အဖြစ် ပူးပေါင်းဖို့၊ ဂိုဂဲလ်နန့် ဝါဝေရို့ ဗြီးခရေ ဂျန်နဝါရီလက လက်မှတ်ထိုးကတ်ပါရေ။

“ဝါဝေနန့် ဂိုဂဲလ် ပူးပေါင်းနိန်စွာကို လူကြီးမင်း ပြန်သုံးသပ်ဖို့ ကျွန်တော်ရို့ တိုက်တွန်းပါရေ။ အေပူးပေါင်းမှုအတွက်၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က မာဗန်စီမံကိန်း(Project Maven)မှာ ဂိုဂဲလ်ကို အဓိက အပေါင်းအဖော်အဖြစ် ပူးပေါင်းပါဝင်နိန်စွာကို ထပ်သက်တမ်းတိုးဖို့ ငြင်းဆန်ရစွာပါ။ အေစီမံကိန်းက အမေရီကန်ပြည်ထောင်စု ပစ်မှတ်တိမှာ အရပ်သားတိ ထိခိုက်သေကြီစွာကို အနည်းဆုံးဖြစ်အောင် ချော့ချဖို့အတွက်၊ မှတ်ဉာဏ်တုနန့် တိကျမှု ပိုကောင်းအောင် ဖန်တီးနိန်ရေ စီမံကိန်းပါ။” လို့ ဂိုဂဲလ် အမှုဆောင်အရာရှိချုပ် ဆင်ဒါ ပိုင်ချိုင်း(Sundar Pichai) ဘားကို ပို့ရေစာမှာ၊ အမေရီကန်လွှတ်တော် အဖွဲ့ဝင်၊ ရီဘာပလဲ့ကန်နန့် ဒီမိုကရက် ဥပဒေပြုအမတ်တိက၊ လက်မှတ်ထိုးထားကတ်ပါရေ။

ယင်းစာမှာ၊ ဂိုဂဲလ်စွာ အမေရီကန်အစိုးရထက်၊ တရုတ်အစိုးရနန့် ပိုပူးပေါင်းချင်စိတ်ရှိစွာ သိရလို့၊ ဝမ်းနည်းမိပါရေလို့လည်း ထပ်ပနာ ဖော်ပြထားပါရေ။

အမေရီကန်အစိုးရက ဝါဝေစွာ တရုတ်အစိုးရအတွက် အလုပ် လုပ်တေလို့ စွပ်စွဲထားပါရေ။ ဗြီးခရေ ဖေဘြူဝါရီလကလည်း၊ ဝါဝေဖုန်းတိက သုံးစွဲရေ လူတိကို ထောက်လှမ်းရေး လုပ်နိုင်ရေဆိုပနာ၊ ဝါဝေဖုန်းတိကို မသုံးကတ်ဖို့ အမေရီကန်တိကို သတိပီးထားပါရေ။

ဝါဝေကုမ္ပဏီကတော့ခါ၊ အမေရီကန်ကုမ္ပဏီတိစွာ ဝါဝေနည်းပညာကို မယှဉ်ပြိုင်နိုင် ဖြစ်လာလို့၊ အမေရီကန်ပြည်ထောင်စုက ဝါဝေစီးပွားရေးကို၊ နိုင်ငံရေးအရ ပိတ်ပင်ဖို့ ကြိုးစားစွာလို့၊ အယင်လက ကြေငြာလားပါရေ။ “သူရို့ အဂု ပစ္စည်းအရည်အသွေး၊ နည်းပညာ၊ တီထွင်ဆန်းသစ်မှု၊ တခုမှာလည်း ကျွန်တော်ရို့ကို မယှဉ်ပြိုင်နိုင်ပါဗျာလ်။ ယင်းအတွက်နန့် အဂု နိုင်ငံရေးနန့် ယှဉ်ပြိုင်ဖို့ ကြိုးစားစွာပါ။” လို့ ဝါဝေ သုံးစွဲသူ စီးပွားရေးဌာန အကြီးအကဲ ရဲ့ချဒ် ယု(Richard Yu) က စီအန်ဘီစီ(CNBC) သတင်းဌာနကို ပြောလားပါရေ။