ငှက်ဖျားပိုးသယ် ခြင်မကို မျိုးပြင်ထားရေ ခြင်ထီးနန့် မိတ်လိုက်ပနာ တိုက်ဖို့ ဘဲလ် ဂိတ်စ် ရံပုံငွေမတည်

© Wikimedia Commons : Wikipedia
© Wikimedia Commons : Wikipedia

မိုင်ခြိုဆော့ဖ် သဌေး ဘဲလ် ဂိတ်စ်(Bill Gates)က၊ မျိုးပြင်ထားရေ ခြင်ထီးနန့် ငှက်ဖျားပိုးသယ် ခြင်မတိကို မိတ်လိုက်ခိုင်းပနာ၊ ငှက်ဖျားရောဂါကို တိုက်ဖျက်ပလိုက်ဖို့ လုပ်နိန်ရေလို့ ဆိုပါရေ။

ငှက်ဖျားပိုးကို သယ်ဆောင်လာရေ ခြင်မတိ အကိုက်ခံရလို့၊ ၁ နှစ်ကို လူပေါင်း ၄၄၅,၀၀၀ စွာ၊ ငှက်ဖျားရောဂါနန့် သီနိန်ကတ်ရပါရေ။ ယင်းငှက်ဖျားရောဂါကို အမြစ်ဖြတ်ဖို့အတွက်၊ ဘဲလ် ဂိတ်စ်က အမေရီကန်ဒေါ်လာ ၄ သန်း၊ ရံပုံငွေမတည်လားဖို့လို့ ဆိုပါရေ။

အစီအစဉ်က မျိုးပြင်ထားရေ ခြင်ထီးတိကို တောထဲတိကို လွတ်ပနာ၊ ခြင်မတိနန့် မိတ်လိုက်ခိုင်းပါဖို့။ မိတ်လိုက်ဗြီးစွာနန့်၊ ခြင်ထီးတိဘားက ဗီဇအသစ်တိစွာ ခြင်မတိဘားကို ဝင်လားပနာ၊ နောက် ပေါက်လာဖို့ ခြင်ချေတိစွာ၊ အရွယ် မရောက်ခင် သီလားပါဖို့။

ခြင်ထီးတိက မကိုက်တတ်ပါ။ ခြင်မတိရာ ဥဥခါနီးမှာ သွီးကရရေ သံဓါတ်ကို လိုရေအတွက်၊ ကိုက်တတ်ပါရေ။ ခြင်မတိလည်း အရွယ်ရောက်မရာ ကိုက်တတ်တေအတွက်၊ အဂု စီမံကိန်းအရ၊ အသစ်ပေါက်လာဖို့ ခြင်တိစွာ ဥဥဖို့ အရွယ်ကို မရောက်ခင် သီလားပါဖို့။

ယင်းပိုင် မျိုးပြင်ထားရေ ခြင်ထီးတိစွာ၊ မျိုးဆက် ၁၀ ဆက်လောက်ထိ ခြင်မတိနန့် မိတ်လိုက်လားပနာ၊ အသက်တိုရေ ဗီဇသစ်ကို ဖြန့်လားဖို့လို့ ဆိုပါရေ။

ခြင်ထီးတိကို ယူကေက အောင်ဇီတတ် (Oxitec) ကုမ္ပဏီက ဖန်တီးထုတ်လုပ်လားပါဖို့။ အယင်ကလည်း ဘဲလ် ဂိတ်စ်စွာ ဇိုင်ကာ (Zika) ဗိုင်းရပ်စ်နန့် တုပ်ကွေးအဖျားရောဂါကို တိုက်ဖျက်ဖို့အတွက်၊ အေကုမ္ပဏီနန့်ဗျာလ် မျိုးရိုးပြင် ခြင်တိ ထုတ်လုပ်ခဖူးပါရေ။ အောင်ဇီတတ်က အေပိုင် သဘာဝနန့် တရင်းတနှီးဖြစ်တေ ခြင်တိကို ၂၀၂၀ ခုနှစ်မှာ စမ်းသပ်လားဖို့လို့ဆိုပါရေ။

ဘဲလ် ဂိတ်စ်စွာ ဘဲလ် အန် မီလိန်ဒါ ဖောင်ဒေးရှန်း(Bill and Melinda Gates Foundation)ကို စတည်ထောင်ရေ ၂၀၀၀ ခုနှစ်ကပင်၊ ငှက်ဖျားရောဂါကို တိုက်ဖျက်ဖို့အတွက်၊ အမေရီကန်ဒေါ်လာ ၂ ဘီလီယံ သုံးစွဲဗြီးလားပါဗျာလ်။ ၂၀၁၅ ခုနှစ်ကပင်၊ ငှက်ဖျားရောဂါ တကျော့ပြန်ထလာပနာ၊ ဆီးမတိုးရေ ငှက်ဖျားရောဂါတိ ပေါ်လာနိန်ရေလို့ သိပ္ပံပညာရှင်တိက သတိပီးထားပါရေ။