လူတိ ထာဝရ နုပျိုဖို့ဗျာလ်လား? အိုရရေ ဗီဇမျိုးကို သိပ္ပံပညာရှင်တိ ရှာတွိ

FILE PHOTO. © Storyblocks
FILE PHOTO. © Storyblocks

လူ့ခန္ဓာကိုယ်က ဆဲလ်တိ အိုလာအောင် လုပ်စွာမှာ၊ အဓိကကျရေ မျိုးရိုးဗီဇတမျိုးကို သိပ္ပံပညာရှင်တိ ရှာတွိဗျာလ်လို့ ဆိုပါရေ။ အေဟင့်က သိပ္ပံပညာမှာ အံ့မခန်းအောင်မြင်မှု တခုပါ။

နယူးယော့ခ်မြို့ ဘားဖ်ဖတ်လို တက္ကသိုလ်(University of Buffalo) သုတေသီတိက၊ လူတိ အိုမင်းလာအောင် လုပ်တေ စီဒီ၃၆(CD36)လို့ နာမေပီးထားရေ မျိုးရိုးဗီဇ ဂျိန်း(gene)တမျိုးကို ရှာတွိလိုက်စွာပါ။ ယင်းဂျိန်း အသက်ဝင်လာစွာနန့်၊ ဆဲလ်ပြန့်ပွားစွာတိ ရပ်လားပနာ၊ ဆဲလ်တိ တဖြည်းဖြည်း ခြောက်လားရေလို့ ဆိုပါရေ။

အိုမင်းရင့်ရော်လာစွာရေ၊ ဆဲလ်တိ အားလုံးအတွက်၊ သဘာဝဖြစ်စဥ်တခုဖြစ်ပနာ၊ အိုမင်းရင့်ရော်လို့ ရောဂါတိ ထူပြောလာရေလို့ ဆိုပါရေ။ ယင်းအတွက်နန့် အိုးမင်းရင့်ရော်ရရေ အကြောင်းရင်းကို သုတေသန လုပ်နိန်ကတ်စွာ အချိန်အင်ဒန် ကြာပါဗျာလ်။

အသက်ကြီးလာရေ ဆဲလ်တိမှာ စီဒီ၃၆ ဂျိန်းတိကို ပိုပို တွိရရေဆိုရေ၊ အဂု တွိရှိချက်ကို၊ မော်လီကျူလာ အိုမဲ့စ်(Molecular Omics) ဂျာနယ်မှာ ဖော်ပြထားပါရေ။ စီဒီ၃၆ ဂျိန်းတိ များလာလို့ အိုလာစွာကို၊ ပြန်သန်စွမ်း နုပျိုအောင်လည်း လုပ်နိုင်ဗျာလ်လို့ ဆိုပါရေ။

“ကျွန်တော်ရို့ တွိရှိချက်က ကကောင်း အံ့သြဖို့ ကောင်းပါရေ။” လို့ သုတေသီတိ အထဲက အီကိန် အတ်တဲလ်လာ-ဂေါ့ခ်ကျူမန်(Ekin Atilla-Gokcumen)က ပြောပြပါရေ။ “အိုမင်းရင့်ရော်မှုက ကကောင်း ရှုပ်ထွေးရေ ဖြစ်စဉ်တခုပါ။ ဂျိန်းတခုက ယင်းပိုင် အိုမင်းအောင် လုပ်နိန်ရေလို့ ကျွန်တော်ရို့ လုံးဝ မထင်ခပါ။”

အမှန်က သုတေသီတိစွာ စီဒီ၃၆ကို စူးစမ်းကြည့်ဖို့ လုပ်ခစွာ မဟုတ်ပါ။ အိုမင်းမှုနန့် ဆက်စပ်နိန်ရေ ဂျိန်းတိကို အမျိုးအစားခွဲဖို့ လုပ်ကတ်စွာရာဖြစ်တေလို့ ဆိုပါရေ။

“စီဒီ၃၆ကို ပိုပနာ လေ့လာဖို့ လုပ်ထားပါရေ။ အဂု ဆဲလ်တိ အိုမင်းအောင် လုပ်တေ ဂျိန်းဆိုစွာတော့ သိပါဗျာလ်။ မသိစွာတိလည်း အများကြီး ရှိနိန်ပါသိမ့်ရေ။” လို့ သုတေသနစာတမ်းမှာ ပါဝင်ရေ အိုမာ ဂေါ့ခ်ကျူမန်(Omer Gokcumen)က ဆိုပါရေ။ “အိုမင်းမှုဖြစ်စဉ် သက်ရောက်လို့ အသက်ကြီးရင့်လာစွာနန့် ကန်ဆာရောဂါဖြစ်လာစွာလို့ ထင်ရပါရေ။ အသေအချာ နားလည်အောင် လုပ်ရဖို့စွာက ကကောင်း အရေးကြီးပါရေ။”