ဒေါ်လာ ထရီလီယံတန် နြူးကလီးယားစွမ်းအင်ကို လမှာ ရှာဖို့ အိန္ဒိယ ပြင်ဆင်

© MAHMUD TURKIA / AFP
© MAHMUD TURKIA / AFP

ရာစုနှစ်ထိ ကဗာ့စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပီးနိုင်ရေ၊ ဒေါ်လာ ထရီလီယံ(သန်း ၁ သန်း)တန် နြူးကလီးယားလောင်စာသန့်တိ လထက်မှာ ရှိနိုင်ရေလို့၊ သိပ္ပံပညာရှင်တိက ယုံကြည်ရေအတွက်၊ အိန္ဒိယနိုင်ငံက လကို ယာဉ်တစီးပို့ပနာ လေ့လာဖို့ လုပ်နိန်ပါရေ။

လာဖို့ အောင်တိုဘာလမှာ ချန်ဒြာယန်း-၂ ယာဉ်(Chandrayaan-2 rover)ကို လကို ပို့ဖို့၊ အိန္ဒိယနိုင်ငံက ပြင်ဆင်နိန်ပါရေ။ ယင်းယာဉ်က ဟီလီယန်-၃(Helium-3) လောင်စာ ရင်းမြစ်ကို၊ လထက်မှာ ရှာလားပါဖို့။

ဟီလီယန်-၃က ကဗာမှာ ရှိပါရေ။ ယကေလည်း ရှားပါးပနာ၊ ထုတ်လုပ်ဖို့ ကုန်ကျစရိတ် ကကောင်း များပါရေ။ လထက်မှာ ဟီလီယန်-၃ သိုက်တိ အများအပြား ရှိနိုင်ရေလို့ ယူဆပနာ၊ ထုတ်လုပ်နိုင်ကေတော့၊ ကဗာမှာ လာဖို့ နှစ် ၂၀၀ လောက်အထိ၊ စွမ်းအင်လိုအပ်ချက်အတွက် ပူစရာ မလိုဗျာလ်လို့ ကျွမ်းကျင်ရေ လူတိက ခန့်မှန်းထားပါရေ။

အိန္ဒိယနိုင်ငံနန့် တရုတ်နိုင်ငံစွာ၊ ဟီလီယန်-၃ကို လမျက်နှာပြင်အောက်မှာ ရှာဖို့လုပ်နိန်ကတ်တေ၊ ဦးဆောင် ၂ နိုင်ငံ ဖြစ်နိန်ပါရေ။

နီရောင်ခြည်စွမ်းအင်နန့် အလုပ် လုပ်ဖို့ ချန်ဒြာယန်း-၂ စွာ၊ အချင်းဝက် မီတာ ၄၀၀ က အချက်အလက်တိကို ၁၄ ရက်ကြာ သတင်းပို့ပီးပါဖို့။

တခြား နြူးကလီးယားစွမ်းအင်တိနန့် မတူစွာက၊ ဟီလီယန်-၃ ဒြပ်မှုံတိ ပေါင်းစပ်ပနာ ထွက်လာရေ နြူးကလီးယားစွမ်းအင်က ပိုအားကြီးပနာ၊ ပတ်ဝန်းကျင်ကို ရေဒီယိုဓါတ်သတ္တုတိ မပြန့်နှံ့ပါ။ အပိုထွက်ပစ္စည်း လုံးဝ မပါဘဲ၊ ကကောင်း သန့်ရေ ရေဒီယိုဓါတ်သတ္တုလို့ ခေါ်ကတ်ပါရေ။ အေဟီလီယန်-၃စွာ လမျက်နှာပြင်ထက်က ဖုန်တက်နိန်ရေ ရီဂိုလဲ့တ်(regolith) အလွှာအောက်မှာ  ရှိနိုင်ရေလို့ ယူဆနိန်ကတ်ပါရေ။

ဟီလီယန်-၃ ၁ တန်ကို အမေရီကန်ဒေါ်လာ ၁ ဘီလီယံ(သန်း ၁ ထောင်) တန်ပါရေ။ တန်ချိန် ၂ သိန်း ၅ သောင်း ဆိုကေတော့ခါ အမေရီကန်ဒေါ်လာ ထရီလီယံ တန်လားဗျာလ်လို့ ကျွမ်းကျင်ပညာရှင်တိက ဆိုပါရေ။

လက်ရှိမှာ၊ တရုတ်နိုင်ငံကတော့ခါ ၂၀၁၃ ခုနှစ်ကပင် ရှန်ဂဲ-၃(Chang’e 3)ကို လထက်ကို လွှတ်တင်ပနာ၊ လေ့လာနိန်ရေ တခုတည်း နိုင်ငံပါ။

Leave a Reply

Please Login to comment
  Subscribe  
Notify of