အမေရီကန်ပြည်ထောင်စု တဖက်သတ် အပြုအမူကို မြောက်ကိုးရီးယား ဝမ်းနည်းမိရေလို့ ဆို

Secretary of State Mike Pompeo meets with Kim Yong Chol, a North Korean senior ruling party official. July 7, 2018. ©Andrew Harnik / Reuters
Secretary of State Mike Pompeo meets with Kim Yong Chol, a North Korean senior ruling party official. July 7, 2018. ©Andrew Harnik / Reuters

အမေရီကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွင်ပီယို နန့် အဆင့်မြင့်အရာရှိတိ တွိဆုံမှု အဗြီးမှာ၊ ဝါရှိန်တန်အစိုးရက တဖက်သတ် အကျိုးရှာစွာနန့် နြူးကလီးယားလက်နက် စွန့်လွှတ်ဖို့ အားဓမ္မ လုပ်တေ အပြုအမူတိကို ဝမ်းနည်းမိရေလို့ မြောက်ကိုးရီးယားက ဆိုပါရေ။

“ကျွန်တော်ရို့က အမေရီကန်ပြည်ထောင်စုကို အပြုသဘောဆောင်ရေ လက္ခဏာတိနန့်​၊ ကိုးရီးယားနှစ်နိုင်ငံ ပြန်ပနာ ပေါင်းစည်းဖို့အတွက်၊ တွိဆုံဆွေးနွေးဖို့စွာတိကို တည်ဆောက်ပီးလားဖို့လို့ မျှော်လင့်ခမိပါရေ။ ယကေလည်း အမေရီကန်ပြည်ထောင်စု အပြုအမူက ကကောင်းကို ဝမ်းနည်းဖို့ ကောင်းပါရေ။” လို့ နာမေ မဖော်ပြရေ မြောက်ကိုးရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောစကားကို ကိုးကားပနာ ကိုးရီးယန်း စန်ထရဲလ် နယူးစ် အေဂျိန်စီ(Korean Central News Agency) သတင်းမှာ ဖော်ပြထားပါရေ။

အယင်လက အမေရီကန်ပြည်ထောင်စုသမ္မတ ဒိုနဲလ် ထရုန့်ပ် နန့် မြောက်ကိုးရီးယားဂေါင်းဆောင် ကင် ဂျုန်အင်း ရို့၊ တွိဆုံဆွေးနွေးခရေ ကတိကို၊ အမေရီကန်ပြည်ထောင်စုက သစ္စာဖောက်ပနာ၊ မြောက်ကိုးရီးယားနိုင်ငံကို စီဗွီအိုင်ဒီ(CVID) လို့ခေါ်ရေ (complete, verifiable and irreversible denuclearization)၊ အချိန်မရွေး ဆန်းစစ်နိုင်ရေ လုံးဝ နောက်ပြန်လှည့်လို့ မရအောင်ထိ နြူးကလီးယား လက်နက် စွန့်လွှတ်ရေး လုပ်ခိုင်းလာရေလို့ ဆိုပါရေ။

မြောက်ကိုးရီးယား အရာရှိက “နြူးကလီးယား လက်နက် စွန့်လွှတ်ဖို့လို့ ကျွန်တော်ရို့ အယင်က ပြောခစွာကိုတောင်၊ လှုပ်ခါလားအောင်ထိ၊ အန္တရာယ်ရှိရေ အဆင့်ကို ရောက်လာပါရေ။” လို့ ပြောပနာ၊ “ဂေါင်းဆောင်နှစ်ယောက် တွိခရေ အစဉ်အလာနန့်၊ အပြုသဘောဆောင်ရေ လုပ်ရပ်တိကို ပီးလာဖို့လို့ ကျွန်တော်ရို့ မျှော်လင့်ခပါရေ။ ယကေလည်း ပထမဆုံး တွိရေ၊ ပထမတန်း အရာရှိအဆင့် တွိဆုံပွဲက ဝမ်းနည်းစရာပါ။” လို့ နိဂုံးချုပ် ပြောလားပါသိမ့်ရေ။

ပြုံယမ်းမြို့တော်မှာ အမေရီကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွင်ပီယို က “အဓိက ပင်မ ပြဿနာတိကို ဖြေရှင်းဖို့ ဆွေးနွေးနိန်ကတ်ပါရေ။” လို့ သတင်းထောက်တိကို ပြောလို့ မကြာခင်၊ အေသတင်း ထွက်လာစွာပါ။