ဆွေမျိုးတိကို မရှင်းပြချင်လို့ အနည်းဆုံး လူနာ ၂၀ သတ်လိုက်တေလို့ ဂျပန်နာ့ဆ် ဝန်ခံ

©Fabrizio Bensch / Reuters
©Fabrizio Bensch / Reuters

လူနာနန့် အနီးဆုံး ဆွေမျိုးတိကို၊ သူ စောင့်ရှောက်နိန်ရေ အချိန်မှာ သီရေဆိုစွာ မရှင်းပြချင်လို့၊ သက်ကြီးရွယ်အို လူနာ ဒါဇင်ပေါင်းများစွာကို၊ သတ်ပလိုက်တေလို့၊ ဂျပန်မ နာ့ဆ်တယောက်က ဝန်ခံစွာ၊ ဂျပန်မီဒီယာတိမှာ ဟိုးလေးတကျော် ဖြစ်နိန်ပါရေ။

အသက် ၃၁ နှစ်ရှိရေ ယင်းဂျပန်မ နာ့ဆ်စွာ၊ ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့က၊ အိုဂုချိ ဆေးရုံ(Oguchi Hospital)မှာ ၂၀၁၆ ခုနှစ်၊ နွီရာသီမှာ သီလားရေ၊ လူနာ ၄၈ ယောက်နန့် ဆက်စပ်နိန်ပါရေ။ သူ့လက်ထဲ ဇာပိုင် သီလားရေဆိုစွာကို ဆွေမျိုးတိကို ဝမ်းနည်းပက်လက် မရှင်းပြချင်လို့၊ ဘတ္တရီးယားပိုးသတ်တေ ဘန်ဇဲလ်ကိုနီယန် ကလိုရိုက်ဒ်(benzalkonium chloride)၊ သုံးပနာ သတ်ပလိုက်တေလို့ အယူမီ ကူဘိုကီ(Ayumi Kuboki)က ဝန်ခံထားပါရေ။

“အကျွန် ယင်းသူရို့ တဖြည်းဖြည်း အခြေအနေ ဆိုးရွားလာနီစွာကို မမြင်ချင်ခပါ။ အကျွန့် စောင့်ရှောက်နိန်ရရေ အချိန်မှာ သီလားဖို့စွာကိုလည်း မလိုချင်ခပါ။ သူ့ဆွေမျိုးတိကို ရှင်းပြရစွာကိုက ဒုက္ခတခုပါ။” လို့ ကူဘိုကီက စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပြောလားပါရေ။ “အကျွန့်ဘားကို ယင်းတာဝန် ကျလာကေ၊ ကကောင်း ဒုက္ခရောက်ပါရေ။”

ကူဘိုကီစွာ နာ့ဆ်လိုင်စင်ကို ၂၀၀၈ ခုနှစ်မှာ ရပနာ၊ အိုဂူချိဆေးရုံမှာ ၂၀၁၅ ခုနှစ် မေလကပင် အလုပ် စ,လုပ်နိန်စွာလို့ ဆိုပါရေ။ အဂုတော့ ကူဘိုကီကို ဖမ်းထားပနာ၊ စုံစမ်းစစ်ဆေးမှု ဆက်လုပ်နိန်တုန်းပါ။