အမေရီကန်က သံနန့် အလူမီနီယံ အခွန်ကောက်စွာ မတရားလို့ ဆွစ်ဇာလန် ကဗာ့ကုန်သွယ်ရေးအဖွဲ့ကို တိုင်

© Denis Balibouse / Reuters
© Denis Balibouse / Reuters

သံနန့် အလူမီနီယံ သွင်းကုန်တိကို၊ အမေရီကန်ပြည်ထောင်စုက အခွန်ကောက်စွာရေ၊ တရားမျှတမှု မရှိလို့၊ ဆွစ်ဇာလန်နိုင်ငံက၊ ကဗာ့ကုန်သွယ်ရေးအဖွဲ့(World Trade Organization (WTO))ကို တရားဝင် တိုင်ကြားစာ ပို့လိုက်ပါရေ။ ဆွစ်ဇာလန်နိုင်ငံစွာ ၈ နိုင်ငံမြောက်၊ တိုင်ကြားရေ ကဗာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံပါ။ အယင်က ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ မက္ကဆီကို၊ ကန်နေဒါနန့် ရာရှား နိုငံရို့က တိုင်ကြားထားပါဗျာလ်။

၂၀၁၇ ခုနှစ်မှာ၊ ဆွစ်ဇာလန်နိုင်ငံက သံနန့် အလူမီနီယံ၊ ဆွန်ဇာလန် ဖရန့်စ် သန်း ၈၀ ဖိုးလောက်(အမေရီကန်ဒေါ်လာ ၈၀.၇ သန်း)၊ အမေရီကန်ပြည်ထောင်စုကို တင်သွင်းခရေလို့ ဆိုပါရေ။

“အမေရီကန်ပြည်ထောင်စုက၊ ကိုယ့်နိုင်ငံ လုံခြုံရေးအတွက်၊ ရှိဗြီးသား အခွန်မှာ၊ အပိုခွန် ထပ်ဆောင်းစွာရေ၊ ဆွစ်ဇာလန်နိုင်ငံအမြင်မှာ၊ တရားမျှတမှု မရှိ။” လို့ ဆွစ်ဇာလန်ကုန်သွယ်ရေးဝန်ကြီးဌာနက စာထဲမှာ ရွီးထားပါရေ။

တခြားနိုင်ငံတိကလည်း၊ အေပိုင် အမေရီကန်ပြည်ထောင်စုက၊ အခွန် ထပ်ဆောင်းစွာရေ၊ ကိုယ်ကျိုးကာကွယ်ရေဝါဒ(protectionist)နန့် တရားမဝင်(illegal) လုပ်ရပ်မျိုးရာ ဖြစ်တေလို့ စွပ်စွဲထားကတ်ပါရေ။