Apple Store တခု စက္ကန့်ပိုင်းအတွင်း ဒေါ်လာ ၂၇,၀၀၀ ဖိုး အလုခံရ (ရုပ်သံ)

အမေရီကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ ဖရတ်စ်နိုမြို့(Fresno)က အပ်ပါးလ် ကုန်တိုက်တခုကို၊ လူငယ်တစု ဝင်လုလားရေအတွက်၊ စုံစမ်းစစ်ဆေးမှု လုပ်နိန်ရေလို့ ဆိုပါရေ။

ဖက်ရှန် ဖဲယား မောလ်(Fashion Fair Mall) ကုန်တိုက်ထဲက၊ စောင့်ကြည့်ရေး ကန်မရာထဲမှာတော့ခါ၊ ဂေါင်းစွပ်ထားရေ လူ ၄ ယောက်က၊ စက္ကန့်ပိုင်းအတွင်းမှာ အမေရီကန်ဒေါ်လာ ၂၇,၀၀၀ ဖိုးရှိရေ၊ အပ်ပါးလ်ပစ္စည်း ၂၆ မျိုးကို ဝင်လုလားစွာကို တွိနိုင်ပါရေ။ ယင်းပစ္စည်းတိက၊ ဝယ်ချင်ရေ လူတိ လေ့လာနိုင်အောင်၊ နမူနာ ပြသထားရေ ပစ္စည်းတိပါ။ အပ်ပါးလ် ဝန်ထမ်းတိနန့် စျီးဝယ်ရေ လူတိက၊ အေအတိုင်း မောပနာ ကြည့်နိန်ကတ်စွာကို တွိရပါရေ။

အစပိုင်းခါ လက်နက်ကိုင် လုယက်မှုလို့ ရဲကို တိုင်ခကေလည်း၊ နောက်ပိုင်းမှာ လက်နက်ကိုင် မဟုတ်လို့၊ ပြန်ပြင်လိုက်ပါရေ။

“လူအများကြီး ရှိမှာ၊ ပစ္စည်းတိကို အေအတိုင်း ကောက်ယူလားကတ်စွာပါ။” လို့ စုံစမ်းရေး လုပ်နိန်ရေ၊ ရဲမှူး ဘော့ဘ် ဘတ်ခ်ဝဲ့တ်(Lt. Rob Beckwith)က ပြောပါရေ။ ပစ္စည်းတိ တန်ဖိုးအရ၊ အကြီးတန်း လုယက်မှုလို့ သတ်မှတ်ထားပါရေ။

အယင်လကလည်း ဆန် လုဝဲ့စ် အိုဘီစ်ပို မြို့လယ်(Downtown San Luis Obispo)မှာ အေပုံစံမျိုး လုယက်မှုတခု၊ ဖြစ်ခရေလို့ ဆိုပါရေ။ ယင်းအတွက်နန့် အေလုယက်မှု ၂ ခု၊ ဆက်စပ်မှု ရှိမရှိ၊ စစ်ဆေးနိန်ရေလို့ ဆိုပါရေ။