အိန္ဒိယ စီးပွားရေးက ပြင်သစ်ကို ကျော်ပနာ ကဗာ့ ဆဌမမြောက် အကြီးဆုံး ဖြစ်လာ

Taj Mahal, India © Kamal Kishore / Reuters
Taj Mahal, India © Kamal Kishore / Reuters

အဂု ထွက်လာရေ ကဗာ့ဘဏ်(World Bank)က အချက်အလက်တိအရ၊ အိန္ဒိယနိုင်ငံစွာ ကဗာမှာ ဆဌမမြောက် အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာပါရေ။ ပြင်သစ်နိုင်ငံက သတ္တမမြောက် နိန်ရာကို အလိုလို ကျဆင်းလားပါရေ။

၂၀၁၇ ခုနှစ် အကုန်မှာ၊ အိန္ဒိယနိုင်ငံက စုစုပေါင်း ပြည်တွင်းထုတ်ကုန်(gross domestic product (GDP))စွာ အမေရီကန်ဒေါ်လာ ၂.၅၉၇ ထရီလီယံကို ရောက်လာပါရေ။ ပြင်သစ်နိုင်ငံက အမေရီကန်ဒေါ်လာ ၂.၅၈၂ ထရီလီယံပါ။ လွန်ခရေ ၁၀ နှစ်ကထက်၊ အိန္ဒိယနိုင်ငံ စုစုပေါင်း ပြည်တွင်းထုတ်ကုန်က ၂ ဆ တိုးတက်လာပနာ၊ လူဦးရေ ၁,၃၄၀ သန်း ရှိရေအတွက်၊ ပြင်သစ်နိုင်ငံထက် အဆ ၂၀ လူဦးရေ ပိုများပါရေ။ ပြင်သစ်နိုင်ငံ လူနိန်မှုအဆင့်ကလည်း ပိုမြင့်ပါရေ။

အိန္ဒိယနိုင်ငံ တိုးတက်နှုန်းက ဗြီးခရေ ၂ နှစ်မှာ ၇.၃% ရှိနိန်ရေအတွက်၊ ကဗာမှာ တိုးတက်နှုန်း အမြင့်ဆုံး နိုင်ငံလည်း ဖြစ်နိန်ပါရေ။ ၂၀၁၉ – ၂၀၂၀ ခုနှစ်မှာ တိုးတက်နှုန်း ၇.၅% ထိ ရှိလိမ့်မေလို့ ကဗာ့ဘဏ်က ခန့်မှန်းထားပါရေ။

အိန္ဒိယနိုင်ငံ စီးပွားရေးကို အဓိက တွန်းအားပီးနိန်စွာတိက “ပုဂ္ဂလိက စားသုံးရေ ပမာဏ မြင့်တက်လာစွာနန့်၊ ရင်းနှီးမြှပ်နှံမှု အားကောင်းလာစွာ” လို့ ဆိုပါရေ။

လန်ဒန်မြို့ အခြေစိုက် အိပ်ချ်အပ်ဆ်ဘီစီ(HSBC) ဘဏ်ကတော့ခါ၊ လာဖို့ ၁၀ နှစ်အတွင်းမှာ၊ အိန္ဒိယနိုင်ငံစွာ၊ ဂျပန်နိုင်ငံနန့် ဂျာမဏီနိုင်ငံကို ကျော်တက်ပနာ၊ ကဗာ့ တတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာဖို့လို့ ခန့်မှန်းထားပါရေ။

နောက် နှစ် ၃၀ အကြာမှာ ကဗာ့စီးပွားရေးကို တရုတ်နိုင်ငံက လွှမ်းမိုးထားပနာ၊ အိန္ဒိယနိုင်ငံက အမေရီကန်ပြည်ထောင်စုကို ကျော်တက်ဗျာလ်၊ ဒုတိယနိန်ရာကို ရောက်လာဖို့လို့ PricewaterhouseCoopers (PwC) အတိုင်ပင်ခံအဖွဲ့က ခန့်မှန်းထားပါရေ။ ဥရောပတိုက်မှာတော့ခါ၊ ရာရှားနိုင်ငံက ဂျာမဏီ၊ ယူကေနန့် အီတလီ နိုင်ငံရို့ကို ကျော်တက်ပနာ၊ စုစုပေါင်း ပြည်တွင်းထုတ်ကုန် အမေရီကန်ဒေါ်လာ ၇ ထရီလီယံနန့် ဦးဆောင်လာဖို့လို့ ခန့်မှန်းထားပါရေ။