တိုင်းပြည်တိထက် ဖေသာ ချမ်းသာရေ ကုမ္ပဏီကြီးတိ

Jeff Bezos, founder and chief executive officer of Amazon © Abhishek N. Chinnappa / Reuters
Jeff Bezos, founder and chief executive officer of Amazon © Abhishek N. Chinnappa / Reuters

ကုမ္ပဏီကြီးတချို့မှာ တနှစ်တနှစ် ဖေသာစီးဝင်နိန်စွာရေ၊ တိုင်းပြည်ကြီးတိမှာ တနှစ်တနှစ် ဖေသာ စီးဝင်နိန်စွာထက်တောင်၊ ပိုများနိန်စွာကို တွိရပါရေ။

ယင်းကုမ္ပဏီကြီးတိကို ပြောရဖို့ဆိုကေ …

WALMART (ဝေါလ်မာ့တ်)

အမေရီကန်ပြည်ထောင်စုက ကုန်စုံလက်လီရောင်းရေ ဝေါလ်မာ့တ် ဆိုင်တိ စုစုပေါင်း ဝင်ငွေက၊ ၂၀၁၇ ခုနှစ်မှာ အမေရီကန်ဒေါ်လာ ၄၈၆ ဘီလီယံ ရှိခပါရေ။ ကဗာမှာ ၂၄ နိုင်ငံမြောက် အချမ်းသာဆုံး ဘဲလ်ဂျီယမ်(Belgium)နိုင်ငံ၊ ၂၀၁၇ ခုနှစ် ဝင်ငွေ အမေရီကန်ဒေါ်လာ ၄၆၈ ဘီလီယံ ထက်တောင် ပိုများနိန်ပါသိမ့်ရေ။

Grand Place in Brussels, Belgium © Paola Cravino / Getty Images
Grand Place in Brussels, Belgium © Paola Cravino / Getty Images (ဘဲလ်ဂျီယမ်နိုင်ငံ)
VOLKSWAGEN (ဗော့ဆ်ဝတ်ဂန်)

ဂျာမဏီနိုင်ငံက ကားထုတ်လုပ်တေ ဗော့ဆ်ဝတ်ဂန်ကုမ္ပဏီ အယင်နှစ်က ဝင်ငွေစွာ၊ ကဗာမှာ ၄၃ နိုင်ငံမြောက် အချမ်းသာဆုံး ချီလဲနိုင်ငံ(Chile)၊ ၂၀၁၆ ခုနှစ်က ဝင်ငွေ အမေရီကန်ဒေါ်လာ ၂၅၀ ဘီလီယံထက် ပိုများပနာ၊ အမေရီကန်ဒေါ်လာ ၂၇၆ ဘီလီယံ ရှိခပါရေ။

Santiago, Chile © Jose Luis Stephens / Getty Images
Santiago, Chile © Jose Luis Stephens / Getty Images (ချီလဲနိုင်ငံ)
APPLE (အပ်ပေါလ်)

အမေရီကန်ပြည်ထောင်စုက နည်းပညာကုမ္ပဏီကြီး အပ်ပေါလ်ကုမ္ပဏီ ဝင်ငွေက၊ တိုင်းပြည်အနိန်နန့် ပြောဖို့ဆိုကေ၊ ကဗာ့ ၄၇ နိုင်ငံမြောက် အချမ်းသာဆုံး နိုင်ငံအဆင့်နန့် လားညီပါရေ။ အယင်နှစ်က အပ်ပေါလ်ကုမ္ပဏီ အမြတ်စွာ အမေရီကန်ဒေါ်လာ ၂၂၉ ဘီလီယံ ရှိခပါရေ။ ၂၀၁၆ ခုနှစ် ပေါ်တူဂဲလ်နိုင်ငံ(Portugal) ဝင်ငွေ၊ အမေရီကန်ဒေါ်လာ ၂၀၅ ဘီလီယံထက် ပိုများနိန်ပါသိမ့်ရေ။

Lisbon bay, Portugal © Loic Lagarde / Getty Images
Lisbon bay, Portugal © Loic Lagarde / Getty Images (ပေါ်တူဂဲလ်နိုင်ငံ)
AMAZON (အမေဇုန်)

၂၀၁၇ ခုနှစ်မှာ၊ အွင်လိုင်းလက်လီဆိုင် အမေဇုန်ကုမ္ပဏီ ဝင်ငွေက၊ အမေရီကန်ဒေါ်လာ ၁၁၈ ဘီလီယံ ရှိခပါရေ။ ရနံနန့် ချမ်းသာရေ၊ ကူဝိတ်နိုင်ငံ(Kuwait) တတိုင်းပြည်လုံး ဝင်ငွေ၊ အမေရီကန်ဒေါ်လာ ၁၁၁ ဘီလီယံ ထက်တောင် ပိုများနိန်ပါသိမ့်ရေ။ အမေဇုန် စီအီးအို ဂျပ်ဖ် ဘီးဇို့ဆ်(CEO Jeff Bezos)စွာလည်း လက်ရှိ လူ့သမိုင်းမှာ အချမ်းသာဆုံး ဖြစ်လာပနာ၊ အမေရီကန်ဒေါ်လာ ၁၅၀ ဘီလီယံ ထိ ချမ်းသာလာပါရေ။

Kuwait City skyline © Emad Aljumah / Getty Images
Kuwait City skyline © Emad Aljumah / Getty Images (ကူဝိတ်နိုင်ငံ)
ALPHABET (အာလဖာဘတ်)

Google(ဂိုဂဲလ်)ကို လူသိများသလောက် အာလဖာဘတ်ကုမ္ပဏီကို လူသိ နည်းကတ်ပါရေ။ အမှန်က အာလဖာဘတ်ကုမ္ပဏီက ဂိုဂဲလ်ကို ပိုင်ရေ ကုမ္ပဏီနာမေပါ။ အာလဖာဘတ်ကုမ္ပဏီ အယင်နှစ်က ဝင်ငွေစွာ၊ ကဗာမှာ ၅၉ နိုင်ငံမြောက် အချမ်းသာဆုံး ပေါ်တို ရီကိုနိုင်ငံ(Puerto Rico) ဝင်ငွေ၊ အမေရီကန်ဒေါ်လာ ၁၀၅ ဘီလီယံ ထက် ပိုများပနာ၊ အမေရီကန်ဒေါ်လာ ၁၁၁ ဘီလီယံ ဝင်ခပါရေ။

San Juan, Puerto Rico © John and Tina Reid / Getty Images
San Juan, Puerto Rico © John and Tina Reid / Getty Images (ပေါ်တို ရီကိုနိုင်ငံ)

အေကုမ္ပဏီကြီးတိက စီအီးအိုတိ နိန့်တဝက် ဝင်ငွေစွာလည်း၊ သာမန်လူတိ တနှစ်စာ ဝင်ငွေထက်တောင် ပိုများနိန်ရေဆိုစွာကို သတိထားမိပါယင့်။