သြစတြီးလီးယားမှာ နှစ် ၅၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်

Source: REUTERS A farmer stands in the middle of a dried-up dam near the town of Gunnedah in New South Wales
Source: REUTERS, A farmer stands in the middle of a dried-up dam near the town of Gunnedah in New South Wales

ဆောင်းရာသီ အပူချိန်က တစတစ ပြင်းထန်လာရေအတွက်၊ အေအချိန်စွာ သြစတြီးလီးယားနိုင်ငံ အရှိပိုင်းမှာ လူနိန်ရေ သမိုင်းတလျှောက် မိုးအခေါင်ဆုံးနှစ်လို့ ဆိုပါရေ။ မွေးမြူရေး တရိတ္ဆန်တိအတွက် အစားအစာ အခက်အခဲ ရှိလာရေအတွက်၊ တရိတ္ဆန်တိအတွက် အစားအစာ လုဖက် သဘာဝ သားပိုက်ကောင်တိကို၊ လိုအပ်ကေ ပစ်သတ်ပိုင်ခွင့်ကိုလည်း၊ လယ်သမားတိကို တရားဝင် ခွင့်ပြုလာရရေ အနိန်အထားကို ရောက်လာပါရေ။

သြစတြီးလီးယားတနိုင်ငံလုံး စိုက်ပျိုးရေးထုတ်ကုန် ၂၅% ကို ထုတ်လုပ်တေ နယူးဆောက်သ်ဝေးဆ် (New South Wales (NSW)) ပြည်နယ်တခုလုံး၊ ရာနှုံးပြည့် မိုးခေါင်လားဗျာလ်လို့ ဗြီးခရေ ဗုဒ္ဓဟူးနိက အစိုးရက အတည်ပြုလားပါရေ။ ၁၉၆၅ ခုနှစ် နောက်ပိုင်း မိုးအခေါင်ဆုံးနှစ်လို့ ဆိုပါရေ။

သြစတြီးလီးယား အစိုးရကတော့ခါ လယ်သမားတယောက်ကို အရေးပေါ် ကယ်ဆယ်ရေးအတွက် သြစတြီးလီးယားဒေါ်လာ ၁ သောင်း ၆ ထောင်စီ ပီးဖို့လို့ ပထမ အဆိုပြုခပနာ၊ အဂု နောက်ထပ် ၁ သောင်း ၂ ထောင် ထိ ထပ်ပီးလားဖို့လို့ ဆိုပါရေ။