တကဗာလုံးက ATM စက်တိ ရက်ပိုင်းအတွင်း အဟပ်ခံရနိုင်ရေလို့ FBI သတိပီး

© Bogdan Cristel / Reuters
© Bogdan Cristel / Reuters

တကဗာလုံးမှာ ရှိရေ ဘဏ်တိက ဖေသာထုတ်တေ အေတီအမ်(Automated Teller Machine (ATM))စက်တိကို၊ ကင်ပျူတာ စိုင်ဘာ အတိုက်ခံရဖို့ နီးစပ်နိန်ဗျာလ်လို့ အမေရီကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ အပ်ဖ်ဘီအိုင်(US Federal Bureau of Investigation)က လျှို့ဝှက် သတိပီးရေ အစီရင်ခံစာတခုမှာ တွိရပါရေ။

ဗြီးခရေ သောက်ကြာနိက အပ်ဖ်ဘီအိုင်က သတိပီးအစီရင်ခံစာတခု ထွက်လာစွာမှာ၊ စိုင်ဘာ ဒုစရိုက်ကောင်တိစွာ တကဗာလုံးမှာ ရှိရေ အေတီအမ်စက်တိကို သတင်းနိုက်တေ မောလဝဲလ်(malware)နန့် ရက်ပိုင်းအတွင်းမှာ တိုက်ဖို့ပြင်နိန်ကတ်ဗျာလ်လို့ ဆိုပါရေ။ ယင်းသတင်းကို ရလာရေ စိုင်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင် ဘရိန်း ကရက်ဘ်စ်(Brian Krebs)က “ကဒ်ထုတ်တေ ကုမ္ပဏီတခုခုက အချက်အလက်နှိုက်လို့ရလားရေအတွက်၊ ကဒ်မိတ္တူ အတုတိနန့် တကဗာလုံးမှာ ရှိရေ အေတီအမ်စက်တိက ဖေသာ “အကန့်အသတ်မရှိ” ထုတ်လားနိုင်ရေ။”လို့ ဆိုပါရေ။

အေပုံစံမျိုးနန့် ၂၀၀၉ ခုနှစ်မှာ တကြိမ် အတိုက်ခံရဖူးပနာ၊ တကဗာလုံးမှာ ဖေသာ ဒေါ်လာ ၉ သန်းလောက် လိမ်ထုတ်ခံရဖူးရေလို့ ဆိုပါရေ။ နောက်ဆုံး လုံခြုံရေးဆော့ဝဲလ်ကို မမြှင့်နိုင်သိမ့်ရေ တချို့ အငယ်စားနန့်၊ အလယ်အလတ်စား ဘဏ်တိက ပိုပြီးကေ အန္တရာယ်ရှိနိုင်ရေလို့ ဆိုပါရေ။